ချစ်ဇနီးရွှေမှုံ ခေါင်းလျှော်တာကို ရေသုတ်ပေးပြီး ရိုလိုက်ပြန်တဲ့ ရွှေထူး

Posted on

ရွှေထူးနဲ့ ရွှေမှုံရတီဟာ ပရိသတ်တွေရဲ့ idol couple လေးအဖြစ် အချိန်တွေအကြာကြီးရပ်တည်နေတဲ့ အနုပညာရှင် ဇနီးမောင်နှံလေးဖြစ်ပါတယ်။ ရွှေထူးက ချစ်ဇနီးလေးကို ချစ်သူဖြစ်ခါစကအတိုင်းအမြဲတမ်း အလိုလိုက်နေပြီးချစ်မြတ်နိုးနေတာကို မြင်ရသလို ရွှေမှုံကလည်း တစ်နေ့ထက်တစ်နေ့ခင်ပွန်းဖြစ်သူကို ပိုချစ်လာပြီးရွှေထူးအတွက် လိုအပ်သမျှတွေဖြည့်ဆည်းပေးဖို့အချစ်တွေနဲ့ပျော်ရွှင်စေဖို့အမြဲတမ်းကြိုးစားနေတာ ပရိသတ်တွေအားလုံးအမြင်ပါပဲ။ ရွှေထူးက ရွှေမှုံကိုအမြဲလိုလို အရိပ်တကြည့်ကြည့်နဲ့အလိုလိုက်ဂရုစိုက်သလို ရွှေမှုံကလည်း ခင်ပွန်းကိုsurprise တွေမကြာခဏလုပ်ပြီးချစ်ခြင်းမေတ္တာကို ဖော်ပြတတ်တာလေးတွေကလည်း မြင်ရတဲ့ပရိသတ်တွေအတွက် တကယ့်ကို ကြည်နူးစရာပါ။


ရွှေထူးဟာ ရွှေမှုံကို မပိုင်ဆိုင်ရခင်ကတည်းက ရွှေမှုံရဲ့ ပရိသတ်ဖြစ်ခဲ့ပြီး ရွှေမှုံနဲ့ လက်ထပ်ခွင့်ရခဲ့ချိန်မှာ ရွှေမင်းသမီးကို ပိုင်ဆိုင်လိုက်ရတဲ့ အညတရကောင်လေးလို သူအရမ်းကြိုက်တဲ့ကစားစရာအရုပ်လေးကို အပိုင်ရလိုက်သလို ပျော်ရွှင်ကြည်နူးပြီး အမြဲတမ်းအရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်နေတာဟာ တစ်နိုင်ငံလုံးက ပရိသတ်တွေအသိအမှတ်မပြုပဲမနေနိုင်အောင်ပါပဲ။အခုလည်းရွှေထူးက ရွှေမှုံကို အရမ်းရိုတဲ့ လုပ်ရပ်လေးနဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြပြီး ရိုမန်းတစ်လိုက်ပြန်တာတွေ့ရပါတယ်။မကြာသေးမီက ရွှေမှုံက Beauty Saloon မှာ ခေါင်းသွားလျှော်တာကို ရွှေထူးကလိုက်သွားပြီး ခေါင်းလျှော်ပြီးခါစ ချစ်ဇနီးလေးရဲ့ ဆံပင်တွေကို တယုတယနဲ့ရေလိုက်သုတ်ပေးနေတာတွေ့ရပါတယ်။ ရွှေမှုံက ချစ်ခင်ပွန်းရဲ့ ကြင်နာယုယမှုကို ဓာတ်ပုံရိုက်ထားပြီး “ရေလာသုတ်ပေးနေတာလေး ချစ်လို့၊အမြဲရိုတတ်သူ”လို့ ဂုဏ်ယူစွာနဲ့ myday မှာ ထုတ်ကြွားထားတာကို တွေ့ရပါတယ်။ ရွှေထူးကလည်း ရွှေမှုံ့ကို ဆံပင်ရေသုတ်ပေးနေတဲ့ဓာတ်ပုံလေးကို သူ့ရဲ့ လူမှုကွန်ယက်မှာ “မနေ့က ကတ်စတန်မာ. ခိုးရိုက်သွားတဲ့ပုံလေးပါ ဆိုင်မှာ ကျွန်တော်ပဲရှိပါတယ်… လူရွေးခွင့်မရှိပါနော်”လို့ ဟာသနှောပြီး ရေးထားတာတွေ့ရပါတယ်။


ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ရွှေမှုံနဲ့ ရွှေထူးရဲ့ ကြည်နူးစရာဓာတ်ပုံလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရော ရွှေထူးနဲ့ ရွှေမှုံကို ချစ်ကြလား။ သူတို့နှစ်ဦးရဲ့ သီချင်းအသစ်တွေရုပ်ရှင်အသစ်တွေကိုရောအားပေးဖို့အသင့်ပဲလား။ ပြောခဲ့ကြပါဦး

Leave a Reply

Your email address will not be published. Required fields are marked *