ချစ်ဇနီးလေးကြောင့် ဓာတ်ပုံပညာကို ဝါသနာပါလာတယ်ဆိုတဲ့ ရွှေထူး

Posted on

အနုပညာနယ်ပယ်မှာ အောင်မြင်မှုအသီးသီးရရှိထားတဲ့ ရွှေထူးနဲ့ရွှေမှုံရတီတို့ အတွဲလေးကိုတော့ ပရိသတ်တွေလည်း ချစ်ကြမှာပါနော်။ ရွှေနှစ်ရွှေလို့ ပရိသတ်တွေချစ်စနိုးနဲ့ခေါ်ကြတဲ့အတွဲလေးဖြစ်သလို အိမ်ထောင်ကျပြီးတဲ့အချိန်မှာလည်း အချစ်မလျော့ဘဲ သမီးရည်းစားတွေထက်တောင် တစ်ယောက်နဲ့တစ်ယောက် ပိုချစ်ကြတဲ့အတွဲလေးပါ။

မကြာခဏဆိုသလို တစ်ယောက်ကို တစ်ယောက် Surprise လုပ်ကာ ပျော်စရာတွေဖန်တီးပေးလေ့ရှိသလို လူမှုကွန်ရက်မှာလည်း သူတို့နှစ်ဦးရဲ့ကြည်နူးစရာအချိန်လေးတွေကို မျှဝေပေးလေ့ရှိပါတယ်။ ဒီနေ့မှာလည်း ရွှေထူးကတော့ ချစ်ဇနီးလေးရွှေမှုံကို ကိုယ်တိုင်ရိုက်ပေးထားတဲ့ပုံလေးတွေနဲ့အတူ ” သူ့ကိုပုံလှလှလေးရိုက်ပေးချင်လို့… ဓာတ်ပုံပညာကိုဝါသနာပါလာတယ် Acc ထဲက ဓာတ်ဆာများ စိတ်ဆိုးကြပါနဲ့ခင်ဗျ ” ဆိုပြီးရေးသားမျှဝေခဲ့သလို ရွှေမှုံကလည်း “ကိုရွှေ ရိုက်ချက်များနှင့်ကျွန်မ” ဆိုပြီး ရေးသားကာ မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ။

မင်းသမီးတစ်ယောက်မို့ ဓာတ်ပုံဆရာပေါင်းများစွာနဲ့ ဓာတ်ပုံကောင်းကောင်းတွေအများကြီးရှိပေမယ့်လည်း ချစ်ဇနီးလေးအတွက် ပင်တိုင်ဓာတ်ပုံဆရာဖြစ်ချင်တဲ့ရွှေထူးကတော့ ရွှေမှုံ ပုံလှလှလေးတွေရဖို့ ဓာတ်ပုံပညာကို ဝါသနာပါလာပါပြီတဲ့ ပရိသတ်ကြီးရေ ကိုရွှေကိုယ်တိုင်ရိုက်ပေးထားတဲ့ ရွှေမှုံရတီရဲ့ ပုံရိပ်တချို့ကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *