ချစ်ပရိသတ်တွေရဲ့ အချစ်တွေကြောင့်မျက်ရည်ကျရလောက်အောင်ဝမ်းသာနေရတဲ့ ပန်ကိတ်ဒါဒါ

Posted on

ပန်ကိတ်ဒါဒါကိုတော့ အချစ်ရေးကိစ္စနဲ့ပတ်သက်ပြီး ပရိသတ်တွေက သနားကြသလို အချစ်ပိုကြတာလည်း ဖြစ်ပါတယ်။သူကတော့ သြစတေးလျမှာနေထိုင်နေပေမဲ့ အခုရက်ပိုင်းမှာမြန်မာပြည်ကို ပန်လည်ရောက်ရှိနေတာဖြစ်ပြီး မြန်မာပြည်ကပရိသတ်တွေကြောင့် ကျေနပ်ပီတိတွေဖြစ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ပန်ကိတ်ဒါဒါကို အဆိုတော်ရွှေထူးရဲ့ချစ်သူဟောင်းအနေနဲ့သိကြသလို Beauty Blog လေးတွေ တင်ဆက်ပေးတာကြောင့်လည်း လူသိများပါတယ်။မြန်မာနိုင်ငံကို ပြန်ရောက်ခိုက်မှာ ပရိသတ်တွေနဲ့တွေ့ဆုံပွဲလေးပြုလုပ်ခဲ့ပြီး ပရိသတ်တွေမေးမြန်းတဲ့မေးခွန်းလေးတွေအပေါ်မှာ အတွေးတွေဖလှယ်ကာ ဆွေးနွေးပေးခဲ့ပါတယ်။အလုပ်ထဲမှာအဆင်မပြေတာ၊အချစ်ရေးမှာအဆင်မပြေတာနဲ့ Lonely ဖြစ်တာနဲ့ပတ်သက်ပြီးတော့လည်း ပြောဆိုဆွေးနွေးခဲ့ကြတာပါ။

ဒီတွေ့ဆုံပွဲလေးမှာ ပန်ကိတ်ဒါဒါကတော့ သူ့ကိုချစ်တဲ့သူတွေဒီလောက်များလိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့် ပျော်ရွှင်ကြည်နူးရသလို ပရိသတ်တွေရဲ့အချစ်တွေကိုမြင်ရတာကြောင့်လည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လာတဲ့ရက်အတွင်းမှာစီစဉ်လိုက်ရပြီး နေရာအခက်အခဲကြောင့် ပရိသတ်တွေကို ခွဲပြီးတော့ တွေ့ရပေမယ့် အကုန်လုံးကို အတူတူတွေ့ရရင်ငိုမိမလားတောင်မသိဘူးဆိုပြီး သူ့ခံစားချက်ကို ပြောပြခဲ့ပါသေးတယ်။ ပန်ကိတ်ဒါဒါကတော့ အခုလိုစိတ်ထားဖြူစင်တဲ့သူလေးဖြစ်တာကြောင့် အနုပညာရှင်တစ်ယောက်မဟုတ်ပေမဲ့ ပရိသတ်တွေက အချစ်ပိုနေရတာပါပဲနော်။

Leave a Reply

Your email address will not be published. Required fields are marked *