ချစ်ဖို့ကောင်းတဲ့ မိခင်နဲ့ ဇနီးသည်ရဲ့  သရက်သီးအလှပြိုင်နေတဲ့မြင်ကွင်းကိုကြည့်ပြီး သဘောကျနေတဲ့ ပိုင်ဇေရဲထွန်း

Posted on

တစ်ချိန်က မိန်းကလေးတွေ သည်းသည်းလှုပ်ချစ်ကြတဲ့ မင်းသားချော ပိုင်ဇေရဲထွန်းက အခုဆိုရင် အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သားသမီး (၃)ယောက်ကို မွေးဖွားထားတာပဲ ဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းက နောက်ပိုင်းမှာ အနုပညာလုပ်ငန်းတွေထက် စီးပွားရေးလုပ်ငန်းတွေနဲ့ မိသားစုအရေးကိစ္စတွေကိုသာ ပိုမိုအာရုံစိုက်နေခဲ့ပေမယ့် သူ့ကိုချစ်တဲ့ ပရိသတ်ကြီးနဲ့တော့ အဆက်အသွယ်မပြတ်ရှိနေဆဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ပိုင်ဇေရဲထွန်းက သူ့ရဲ့ မွေးသမိခင်နဲ့ ချစ်ဇနီးလေးကိုကြည့်ပြီး “ချစ်ဖို့ကောင်းသော မွေးသမိခင် မေမေနှင့် ချစ်ဖို့ကောင်းသော ကျွန်တော့ မေမေသဲ သရက်သီး အလှပြိုင်ကြရာဝယ်” ဆိုပြီး ကြည်နူးနေတာကို တွေ့မြင်ရပါတယ်။

ပိုင်ဇေရဲထွန်းကတော့ သူ့ရဲ့ နေ့ရက်တိုင်းကို မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပျော်စရာကောင်းပြီး အေးချမ်းတဲ့ ပိုင်ဇေရဲထွန်းတို့ မိသားစုလေးကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *