ချစ်ရည်လူးတဲ့အခန်းတွေမှာ မေကရှက်လို့ဆိုတဲ့ အလင်းရောင်

ချစ်သူတွေဖြစ်နေကြပြီဆိုပြီး ပရိသတ်တွေကြား သတင်းတွေပျံ့နေတဲ့ မေနဲ့ အလင်းရောင်နဲ့နှစ်ယောက်ဟာ တကယ်တော့သူငယ်ချင်းတွေပါလို့ မကြာခင်ကပဲဖြေရှင်းထားကြပါတယ်။ သူငယ်ချင်းလေးပါပဲပေါ့လေ။ အလင်းရောင်ကတော့ မီဒီယာတွေနဲ့ အင်တာဗျူးမှာ မေနဲ့ပထမဆုံးဆုံဖြစ်တုန်းက ရိုက်ခဲ့တဲ့ဇာတ်ကားလေးရဲ့အတွေ့အကြုံတွေကိုအသည်းယားစဖွယ်ပြောပြပေးသွားခဲ့ပါတယ်။

အလင်းရောင်က သူနဲ့ မေနဲ့ပထမဆုံးရိုက်တဲ့ “သူတို့သမီး” ရုပ်ရှင်ဇာတ်ကားမှာ ချစ်ရည်လူးတဲ့အခန်းတွေရိုက်ခဲ့ရတဲ့အတွေ့အကြုံတွေကို “ဘယ်လိုခံစားရလဲဆိုတော့အဓိကက အဲ့လိုမျိုးအခန်းတွေကကျတော့ သူ့ဘက်ကပိုပြီးတော့ တစ်ဖက်သတ်လိုချင်နေတဲ့သူမျိုးဆိုတော့ သူကပိုပြီးသရုပ်ဆောင်ရတယ်။ သရုပ်ဆောင်ရတဲ့အခါကျတော့ သူနဲ့ကျွန်တော်နဲ့က သူငယ်ချင်းတွေဆိုတော့ သူအဲ့လိုမျိုးလုပ်တဲ့အခါမှာ သူ့ကိုယ်သူရှက်တယ်။ အဲ့တော့ ကျွန်တော်က မျက်လုံးမှိတ်ပေးထားရတယ်။ အဲ့လိုမျိုးပေါ့နော်”လို့ ရှက်ရယ်ရယ်ရင်းဖြေကြားထားပါတယ်။

နောက်ပြီး သူတို့သမီး ဇာတ်ကားကိုအားရကျေနပ်မှုရှိကြောင်းကိုလည်း “ရတယ်။ ရတယ်ဆိုတာက သူတို့သမီးမှာ အဲ့လိုအခန်းတွေပါတော့ပိုပြီးတော့ဇာတ်ကိုပိုပြီးတော့ အရှိန်တက်သွားတာပေါ့”လို့ပြောပြထားပြီး ကာရိုက်တာက မလုပ်ဖူးတဲ့ကာရိုက်တာဖြစ်ကြောင်းကို “ဒီကားမှာ ဒီလိုကာရိုက်တာမျိုးက ဒါပထမဆုံးပါပဲ”လို့လည်းဖြေကြားထားပါတယ်။

သတို့သမီးဇာတ်ကားအကြောင်းကို အလင်းရောင်က “ဒီကားက ကိုယ့်ဘာသာပြန်ကြည့်တာတောင် ရင်ထဲမှာ မောပြီးကျန်ခဲ့တယ်ပေါ့နော်။ တစ်ကားလုံးမှာပရိသတ်ပျင်းစရာအကွက်လည်း တစ်ကွက်မှမကျန်ခဲ့သလို ပရိသတ်ကိုဆွဲဆာင်နိုင်မယ်လို့လည်းယုံကြည်ပါတယ်။ဒါကြောင့် ရုံတင်တဲ့အခါ အားပေးကြပါ”လို့ ပြောထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *