ချစ်ရသူအတွက် မွေးနေ့ဆုတောင်းပေးထားတဲ့ပုံလေးနဲ့ အမျိုးသားထုကြီးကို အသည်းခွဲလိုက်တဲ့ မအေးသောင်း

Posted on

မအေးသောင်းကတော့ ပရိသတ်တွေရှေ့က နှစ်အနည်းငယ်ပျောက်သွားပြီးနောက် လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေနဲ့ ပြန်ရောက်ရောက်ရှိလာသူတစ်ယောက်ပါ။ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်နဲ့ မြန်မာဝတ်စုံလေးတွေ အများဆုံးဝတ်လေ့ရှိတဲ့ မအေးသောင်းရဲ့အလှကတော့ ယဉ်ယဉ်လေးနဲ့ဆွဲဆောင်မှုရှိတဲ့အလှမျိုးဖြစ်တာကြောင့် အမျိုးသားထုကြီးတစ်ခုလုံးရဲ့ဝန်းရံအားပေးခြင်းကို ရရှိထားတာပါ။

အချစ်ရေးနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာထုတ်ဖော်ပြောကြားခြင်းမရှိသေးတဲ့ မအေးသောင်းကတော့ ဒီနေ့မှာ ချစ်ရသူအတွက် မွေးနေ့ဆုတောင်းပေးရင်း အမျိုးသားထုကြီးရဲ့ အသည်းကို ခွဲလိုက်ပါတယ်။ နှစ်ယောက်တွဲပုံလေးနဲ့အတူ ” Happy Birthday my lovely boss … Happy ထိပ်စီးပြောင်းမွေးနေ့ ” ဆိုတဲ့ မွေးနေ့ဆုတောင်းစာလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားမျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ။

မအေးသောင်းရဲ့ပို့စ်ကြောင့် အမျိုးသားထုကြီးတစ်ခုလုံး စိတ်မကောင်းဖြစ်ခဲ့ပြီး မအေးသောင်းရဲ့ပို့စ်အောက်မှာတော့ အသည်းကွဲပြီ၊ မျှော်လင့်ချက်မဲ့ပါပြီ စတဲ့မှတ်ချက်ပေါင်းများစွာ ရေးသားခဲ့ပါတယ်။ ချစ်ရသူကို အတိအလင်းကြေညာလိုက်တဲ့ မအေးသောင်းတစ်ယောက် ချစ်ရသူနဲ့ ရွှေလက်တွဲ မြဲပြီး ပျော်ရွှင်အေးချမ်းတဲ့ဘဝလေးကို ထူထောင်နိုင်ပါစေနော်။

Leave a Reply

Your email address will not be published. Required fields are marked *