The Walking Dead ကိုတော့ လူတော်တော်များများသိကြမှာပါ။ အထူးသဖြင့် လူငယ်တွေပါပဲ။ The Walking Dead ဆိုတာ အရင် ကွန်ပျူတာ ဂိမ်းတွေခေတ်မှာ တော်တော်ခေတ်စားခဲ့တဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ 2010 ခုနှစ်ကတည်းက စထွက်ခဲ့တဲ့ The Walking Dead : Season 10 ဟာ ၂၀၁၉ ခုနှစ်မှာ နောက်ဆုံးထွက်ရှိခဲပြီး ဖြစ်ပါတယ်။ အဲဒီ The Walking Dead ဇာတလမ်းတွဲမှာ Zombie အဖြစ် သရုပ်ဆောင်ခဲ့ဘူးတဲ့ အမေရိကန်မင်းသား Micheal Mundy ဟာ သူရဲ့ ချစ်သူဖြစ်သူကို ကိုက်ခဲ့တာကြောင့် ထောင်ကျသွားပြီ ဖြစ်ကြောင်း သိရှိရပါတယ်။
အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Mundy ဟာ သူ့ရဲ့ချစ်သူ Beverly Jackson နဲ့ လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက တွဲနေတာပဲ ဖြစ်ပါတယ်။ Ms Jackson ကတော့ Mundy ဟာ စတွဲကတည်းက သူမကို ဇာတ်ကားတွေထဲမှာ ပါဝင်ဖို့ ပြောခဲ့ပါတယ်။ တကယ်လက်တွဲဖြစ်သွားတဲ့အချိန်မှာတော့ တစ်ခါမှ သူ့ဇာတ်ကားတွေထဲ Ms.Jackson ကို တစ်ခါမှ ပေးမပါခဲ့ပါဘူး။ ဒါ့အပြင် Mundy ကို ၂၀၁၈ ခုနှစ်ကတည်းက မကြာခဏ ရိုက်နှက်လေ့ရှိကြောင်း သိရပါတယ်။
ကျွန်မကို တော်တော်အနိုင်ကျင့်ပါတယ်။ ၂၀၁၈ ခုနှစ်ကတည်းက သူ့စိတ်တွေ တော်တော်ကြမ်းတမ်းလာတယ်။ ဘာကြောင့်လဲတော့ ကျွန်မ မခန့်မှန်းတတ်ဘူး။ အခုလဲ ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုနဲ့ ရန်စရှာတယ်။ ကျွန်မ အကျိုးသင့်အကြောင်းသင့် ရှင်းပြတယ်။ အဲဒီအချိန်မှာ ကျွန်မမျက်နှာကို စရိုက်တယ်။ ပြီးတာနဲ့ သူ့သွားတွေနဲ့ မျက်နှာကို ကိုက်တယ်။ ဂုတ်ကိုလဲကိုက်တယ်။ လက်မောင်းတွေကော၊ ကျောဘက်တွေကော အကုန်ကိုက်တယ်။ သူကိုက်လို့ဝပြီဆိုမှ ကျွန်မကို အခန်းပြင်ကို ကန်ထုတ်လိုက်တာ။ ကျွန်မလဲတော်တော်ကြောက်သွားရပါတယ်” လို့ Ms.Jackson က ပြောကြားခဲ့ပါတယ်