ချစ်သူသက်တမ်းရှစ်နှစ်မြောက်နေ့မှာ ကောင်းပြည့်ကိုအမှတ်တရလေးတစ်ခုလုပ်ပေးခဲ့တဲ့ သန္တာဗိုလ်

Posted on

သန္တာဗိုလ်နဲ့ကောင်းပြည့်ကိုတော့ လိုက်ဖက်ညီလှတဲ့စုံတွဲလေးအဖြစ် ပရိသတ်တွေကချစ်ခင်ကြသလို စံပြအနုပညာရှင်စုံတွဲလေးလည်း ဖြစ်ပါတယ်။ကောင်းပြည့်ဟာ မော်ဒယ်လ်၊သရုပ်ဆောင်အနေနဲ့အနုပညာလောကကို ဝင်ရောက်လာခဲ့သလို သန္တာဗိုလ်ကလည်း မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲမော်ဒယ်လ်တစ်ယောက်အဖြစ် ရပ်တည်နေတာပါ။

သူတို့နှစ်ဦးဟာနားလည်မှုရှိရှိနဲ့နှစ်ပေါင်းများစွာ ချစ်သူတွေအဖြစ်လက်တွဲလာခဲ့ကြတာပါ။ပရိသတ်တွေချစ်ရတဲ့ စုံတွဲလေးကတော့ ဒီနေ့မှာ ချစ်သူသက်တမ်း(၈)နှစ်ပြည့်ခဲ့ပါပြီ။ဒီလိုနေ့မှာ သန္တာဗိုလ်ကတော့ ချစ်သူကောင်းပြည့်ကို အမှတ်တရလေးတစ်ခုလုပ်ပေးခဲ့ပါတယ်။

သန္တာဗိုလ်ကတော့ “????? 8 ????? ??????????? ??? ?? 2013 ကဆိုခဲ့တဲ့ ကိုယ့်သီချင်းနဲ့ကိုယ်အမှတ်တရ လုပ်ပလိုက်တယ်” ဆိုပြီးတော့ သူတို့နှစ်ဦးရဲ့ပုံလေးတွေနဲ့အတူ ဗီဒီယိုလေးတစ်ခု လုပ်ပြီးတော့ တင်ထားခဲ့ပါတယ်။ပရိသတ်တွေကတော့ အမှတ်တရနေ့လေးမှာ ဆုမွန်ကောင်းတွေတောင်းပေးနေကြပြန်ပါပြီ။ဒီချစ်သူနှစ်ဦးရဲ့လက်ထပ်ပွဲသတင်းကို စောင့်မျှော်နေကြပြီလား ပရိသတ်ကြီးရေ။

Leave a Reply

Your email address will not be published. Required fields are marked *