ချစ်သူသက်တမ်းကြာလာတော့ ရန်ဖြစ်တာနည်းလာတယ်ဆိုတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦး

နားလည်မှုတွေ ပိုလာပုံပါပဲ။

ချစ်သူသက်တမ်း ၂ နှစ်ကျော် ရှိပြီဖြစ်တဲ့ ဖြိုးလေးနဲ့ ၀ါဆိုမိုးဦးတို့အတွဲက သူတို့နှစ်ဦးရဲ့ အချစ်ရေးအခြေအနေကိုပြောပြလာပါတယ်။”ကျွန်တော်တို့နှစ်ယောက် ဒီလိုပဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့။ အခုနောက်ပိုင်းကတော့ ရန်ဖြစ်တာတွေလျှော့ပြီး ပြန်ချစ်တာတွေများနေတာပေါ့” လို့ ဖြိုးလေးက ပြောပြခဲ့ပါတယ်။

ဖြိုးလေးရဲ့စကားကို ဝါဆိုကလည်း ထောက်ခံပါတယ်။

“အခုနောက်ပိုင်းကျတော့ ချစ်သူသက်တမ်းလည်း ၂ နှစ်ကျော် လာပြီဆိုတော့ ရန်ဖြစ်ရတာ အရမ်းမောလာတယ်။

တစ်ယောက်နဲ့ တစ်ယောက် ညှိကြတယ်ပေါ့နော်။ လျှော်သင့်တာလေးတွေ လျှော်ပြီးတော့တည်မယ့်စကားလုံးလေးတွေ တခါတလေကျ ပြောမိရင်လည်း တစ်ယောက်က လျှော်ပေးလိုက်ပေါ့။ အဲဒီလိုမျိုးလေးတွေ ညှိတဲ့အတွက် ရန်ဖြစ်တာ နည်းလာတယ်။ အဆင်ပြေလာတယ်” လို့ ဝါဆိုက ဆိုပါတယ်။

သူတို့နှစ်ဦးမှာ အနာဂတ်အစီအစဉ်လည်း ရှိထားပုံပါပဲ။ ဝါဆိုက သူမအသက် ၂၈ နှစ်လောက်မှလို့ အရိပ်အမြွတ်ပြောပေမဲ့ ဖြိုးလေးကတော့ အဲဒီလောက်အထိ ကြာချင်မှ ကြာမှာပါတဲ့။ သေချာရင်တော့ အားလုံးကို ပြောမှာပါလို့ နှစ်ဦးအတူ စန္ဒီမြင့်လွင်ရဲ့ မင်္ဂလာပွဲကို တက်ရောက်လာရင်း ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

သူတို့အတွဲလေးဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်မှာ ကျရောက်တဲ့ ချစ်သူသက်တမ်း ၂ နှစ်ပြည့် အထိမ်းအမှတ်လေးကို ရိုမန်တစ်ဆန်ဆန် ဖြတ်သန်းခဲ့ပါသေးတယ်။ ဝါဆိုက ဖြိုးလေးကို yeezy ဘွတ်ဖိနပ်တစ်ရံ လက်ဆောင်ပေးပြီး ဖြိုးလေးက ဝါဆို့ကို ဆွဲကြိုးလှလှလေးတစ်ကုံး လက်ဆောင်ပေးခဲ့ပါတယ်။ အဲဒီနောက် ညစာအတူစားပြီး သူတို့ရဲ့ နှစ်ပတ်လည်နေ့ကို အမှတ်တရဖြစ်စေခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ပရိသတ်တွေ အားပေးရတဲ့ အနုပညာရှင်နှစ်ဦးဖြစ်သလို သူတို့စုံတွဲလေးကိုလည်း ပရိသတ်တွေက လိုက်ဖက်တယ်ဆိုပြီးတော့ မှတ်ချက်လေးတွေ ပေးထားကြပါသေးတယ်။

ဖြိုးလေးက Snare အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး Genius ရဲ့ CEO တစ်ယောက်လည်း ဖြစ်ပါတယ်။

ဝါဆိုမိုးဦးကတော့ ကလေးသရုပ်ဆောင်ကနေ သရုပ်ဆောင်လောကမှာ နေရာတစ်နေရာရရှိထားသူ တစ်ဦးဖြစ်သလို မော်ဒယ်လောက မှာလည်း အောင်မြင်သူ တစ်ယောက်ဖြစ်ပြီး သီချင်းဘက်မှာလည်း ဝါသနာပါသူ တစ်ယောက်ဖြစ်ပြီး “မိုက်လားပြောကြည့်” သီချင်းခွေကို ထွက်ရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : ဝါဆို FB

[email protected]

Leave a Reply

Your email address will not be published. Required fields are marked *