အဆိုတော် ဖြိုးမြတ်အောင်ကတော့ ကိုဗစ်ကာလအတောအတွင်းမှာ ဘာသာရေး အလုပ်တွေ ပို ပြီး လုပ်ဖြစ်နေတယ်လို့ဆိုပါတယ်။ “ ကျွန်တော် ကိုဗစ်ကာလအတော်အတွင်းမှာတော့ ဘာသာ ရေး ပိုလုပ်ဖြစ်တယ်။ တရားထိုင်ဖြစ်တယ်။ အဲဒီအကျိုးအမြတ်တွေတော့ ရလိုက်တယ်။ ချင်း တော င် တန်းဆရာတော်ကြီးရဲ့မွေးနေ့မှာ တောင်ညိုလေး ဆရာတွေရယ်၊ ကျွန်တော်ရယ်၊ ကျွန် တော့်ရဲ့ We Love မိသားစုတွေရယ် ဆုပေါင်းပြီးတော့ ဘုန်းဘုန်းမွေးနေ့ အမှတ်တရ လက် ဆော င်အဖြစ် ပြည်တော်အေး ကပ်ကျော် ကျီးမနိုးစေတီတော် ကြီးကို တည်ထားခဲ့နိုင်တယ် “ လို့ သူက ဆိုပါတယ်။ လက်ရှိမှာလည်း ဂီတနဲ့ ပတ်သက်ပြီး သီချင်းတွေဖန်တီးနေသလို မကြာသေးခင်ရက်ပိုင်းကလည်း Joox ကနေ ပရိသတ်တွေပေးတဲ့ JOOX 2020 Half Year ရဲ့ Artist and Song Award ဆုကိုလည်း ရရှိခဲ့ပါသေးတယ်။ ပရိသတ် တွေ Voting ပေးလို့ ရခဲ့တဲ့ဆုတွေနဲ့ ပတ်သက်ပြီးမိသားစုနဲ့တိုင်ပင်ကာ အလှူအတန်းတွေ ထပ်လုပ် ဖို့လ ည်း စဉ်းစားထားတယ်လို့ ဆိုပါတယ်။အခုလို ဆုရဖို့ အားပေးခဲ့တဲ့ ပရိသတ်တွေအား လုံးကို လည်း ကျေးဇူးတင်ကြောင်း အင်တာဗျူးမှာ ဖြေဆိုခဲ့ပါသေးတယ်။ “ကျွန်တော့်အတွက် အပင် ပန်း ခံ Vote လုပ်ပေးခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
တချို့တွေဆိုဖုန်းတွေတောင်ဟန်းကုန်တယ်လို့ ပြောသံကြားတယ်။ အရမ်းကျေးဇူးတင်ပါတယ်။ ဒုတိယ ဘု ရားသခင် သီချင်းနဲ့ ဆုရတဲ့အတွက်လည်းပျော်တယ်။ဒီဆုနဲ့ ပတ်သက်ပြီး ပြန်လှူဖို့တွေကို မိသား စုနဲ့တိုင်ပင်ပြီး တစ်ခုခုလုပ်ဖို့ စဉ်းစားထားပါတယ်”လိုက သူက ဆက်လက်ပြောပြခဲ့ပါတယ်။ ဖြိုး မြ တ်အောင်က ကိုဗစ်ကာလအတွင်းမှာ သူငယ်ချင်းတွေနဲ့အတူ သီချင်းအသစ်တွေ ဖန်တီးနေသ လို ပရဟိတအလုပ်တွေ ဆက်တိုက်လုပ်နေတာ တွေ့ရပါတယ်။ ဖြိုးမြတ်အောင်ကိုတော့ Myanmar Idol Season 3 Winner တစ်ယောက်အဖြစ်ပရိသတ်တွေ စတင်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဂီတခြေလှမ်း တွေ ကိုအသေးစိတ်မြင်တွေ့လာရတာဖြစ်ပါတယ်။
Myanmar Idol က နေရရှိလာတဲ့ ဆုငွေတွေကို လည်းဖြိုးမြတ်အောင်က အလှူအတန်းတွေ အဆက်မပြတ် လုပ်ခဲ့တာကို တွေ့ရပါတယ်။ အနုပ ညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်တဲ့ ဖြိုးမြတ်အောင်က ဘာ သာ ရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းက ဘာသာရေးနဲ့ ပတ် သက်ပြီး အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိတဲ့ ဖြိုးမြတ်အောင်ဟာ အလုပ်တွေ ရှုပ်နေတဲ့ အချိန် မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။