ချစ်လွန်းလို့ ဆိုတဲ့သီချင်းလေးနဲ့အတူ ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားတဲ့ အဆိုတော်ထန်ခေးကတော့ တေးစီးရီးအယ်လ်ဘမ်(၂) ခွေအထိထွက်ရှိထားပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အာပေးမှုကိုရရှိထားသူပဲဖြစ်ပါတယ်။ယနေ့မှာတော့ သူဟာ ချစ်လွန်းလို့ပါ သီချင်းရဲ့ Copy Right ကို လိမ်ညာယူထားကာ သိန်းပေါင်များစွာရခဲ့သူကို သိခဲ့ရပါတယ်တဲ့။
အဆိုတော်ထန်ခေးကတော့ သူ့ရဲ့ချစ်လွန်းလို့ပါ သီချင်းရဲ့ Copy Right ကို လိမ်ညာယူထားကာ သိန်းပေါင်များစွာရခဲ့သူကို ထိထိရောက်ရောက်အရေးယူသွားမယ့်အကြောင်းကို “နောက်ဆုံးတော့ ကျန်တော့် ချစ်လွန်းလို့ပါသီချင်းရဲ့ Copy Right ကို Casting Asia Music ကုမဏီနဲ့ ခိုးသွားတာ တိတိကျကျ သိရသလိုတင်ထားတဲ့ video တွေလည်း 9 M / 2 M / 5 M / 4 M အထိ ကြည့်သူ များခဲ့တဲ့ ကျန်တော့်သီချင်းဟာ
သိန်းပေါင်း 80 နဲ့ 120 အထိ ရနိုင်တာမို့ လိမ်ညာယူထားမှူ့အတွက် Casting Music Asia ကိုရော Copy Right ကို တင်ယူထားသူကိုပါ ထိထိရောက်ရောက်စုံစမ်း အရေးယူသွားမှာပါ။Myanmar ကလား ထိုင်းကလား မသိပေမဲ့ Asia ကဆိုတာကတော့ သေချာပါပြီ အခုတော့ licensed သူတို့ ဖြုတ်သွားပါပြီ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ပရိသတ်ကြီးရေ သီချင်းတစ်ပုဒ်တည်းနဲ့ သိန်းပေါင်(၈၀)ကနေ (၁၂၀)အထိရနေတာတဲ့နော်။