ချစ်သုဝေကို တရားစွဲဆိုရန် လျောက်ထားမှု ခရိုင်ရုံးက ပလပ်၍ တိုင်းလွှတ်တော်ထိ ဆက်လက်တက်မည်

Posted on

သရုပ်ဆောင်ချစ်သုဝေကို တရားစွဲဆိုရန် လျောက်ထားမှု ခရိုင်ရုံးက ပလပ်၍ တိုင်းလွှတ်တော်ထိ ဆက်လက်တက်မည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအေးပိုင်က ပြောသည်။ဒေါ်အောင်ဆန်းစုကြည်၏ ပန်ချီကားနှင့် ပတ်သက်၍ လူမှုကွန်ယက်၌ ဖော်ပြခဲ့သည့် ဖြစ်စဉ်အပေါ် သရုပ်ဆောင်ချစ်သုဝေကို တရားစွဲဆိုရန် သင်္ဃန်းကျွန်းမြို့နယ်တရားရုံ၊ခရိုင်တရားရုံးသို့ အဆင့်ဆင့် လျောက်ထားခဲ့သော်လည်း ပလပ်ခံရ၍

ရန်ကုန်တိုင်းတရားရုံးသို့ ဆက်လက်လျောက်ထားရန် တရားလွှတ်တော်ဦးအေးပိုင်က စီစဉ်လျက်ရှိသည်။ပလပ်ခဲ့တဲ့အမိန့်ပေါ်မှာ အရှေ့ပိုင်းခရိုင်တရားရုံးကို တက်ရောက်ခဲ့ပါတယ်။ မနေ့ကတက်တာကတော့ ၃၄၀/၂၀၂၀ နဲ့ ဦးအေးပိုင်ကနေပြီးတော့ ပြင်ဆင်ချက်တက်ပါတယ်။

တက်တဲ့အခါမှာ တွဲဘက်ခရိုင်တရား သူကြီးက ကြားနာ ပြီးတဲ့အခါမှာ အမှုကို ဒီနေ့ဒီရက်ပလပ်ခံရပါတယ်။ ဒီပန်းချီကားနဲ့ပတ်သက်ပြီး နှစ်ကြိမ် ပလပ်ခံရတဲ့အတွက် ကျွန်တော်တို့က ဆက်လုပ်စရာ တိုင်းလွှတ်တော်ကိုပဲ တက်ဖို့ရှိပါတယ်။ ခုကတော့ ပြီးသွားပြီ။ ဒါကိုမိတ္တူဆွဲပြီးတော့ တိုင်းကိုတက်ဖို့ကျန်ပါတော့တယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးအေးပိုင်မှ ပြောသည်။တရားလွှတ်တော်ရှေ့နေဦးအေးပိုင်းသည် အမျိုးသားရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည်

Leave a Reply

Your email address will not be published. Required fields are marked *