ချမ်းသာသည့်ဒဏ်မခံနိုင်သော အင်န်အယ်လ်ဒီအဖွဲ့ဝင်အချို့ ရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝန်ခံ

Posted on

မျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ တည်ထောင်သည့် နှစ်ပေါင်း ၃၂ နှစ်အတွင်း ချမ်း သာသည့်ဒဏ်မခံနိုင်သော အဖွဲ့ ဝင်အချို့ရှိခဲ့ကြောင်း ယင်းပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ ဖြတ်သန်းမှုခရီးရှည် အကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ပါတီအဖွဲ့ဝင်တစ်ဦးနှင့် ဩဂုတ် ၂၇ ရက်တွင် ဆွေးနွေးစဉ် ယင်းသို့ထည့်သွင်းပြောကြားခြင်း ဖြစ်ပြီး ချမ်းသာသည့်ဒဏ်ကိုခံနိုင် သူများလည်း အမြုတေအဖြစ်ရှိ နေသည်မှာ ပါတီ၏ အင်အားဖြစ်ကြောင်း ဆက်လက်ပြောဆို သည်။အစ်မတို့ ပါတီဝင်တွေ တော်တော်များများက ဆင်းရဲ ဒဏ်ခံနိုင်ခဲ့ကြတယ်။ ချမ်းသာ ဒဏ်ခံနိုင်မှာလား။ ၂၀၁၂ မှာ ဒီမေးခွန်းကို မေးတယ်။ ရွေး ကောက်ပွဲနိုင်သွားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေပေါ့။ ကြား ဖြတ်ရွေးကောက်ပွဲမှာ နိုင်ပြီဆိုက တည်းက နောက် ၂၀၁၅ မှာ ဝင် ချင်တဲ့သူတွေက အများကြီးဖြစ် လာတာပေါ့’’ဟု အင်န်အယ်လ်ဒီ ပါတီဥက္ကဋ္ဌက ပြောသည်။

အသစ်ဝင်လာသူအချို့တွင် အင်န်အယ်လ်ဒီစိတ်ဓာတ် သိပ် မခိုင်သူများလည်း ရှိနေပြီး လူ ဟောင်းအချို့တွင်လည်း ချမ်း သာသည့်ဒဏ် မခံနိုင်သူများရှိ ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။အဲဒါကိုလည်း အစ်မ အမြဲ ပဲ သတိပေးတယ်။ ချမ်းသာဒဏ်ခံနိုင်ဖို့ဆိုတာ ဆင်းရဲဒဏ်ခံထား တာ တစ်ခါတလေ ပိုခက်သေး တယ်’’ဟု ၎င်းက ဆက်ပြော သည်။၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် အနိုင်ရခဲ့သော ကိုယ်စား လှယ်များတွင် လုပ်ပိုင်ခွင့်များရှိ လာသည့်အပေါ် အချို့က အဆို ပါ အခွင့်အရေးများအပေါ် သာ ယာပြီး အာဏာအလွဲသုံးစားလုပ်မှုများနှင့် ဖောက်ပြန်မှုများကို ခေါင်းဆောင်က သတိပေးပြော ကြားခြင်း ဖြစ်သည်ဟု ယူဆ ကြောင်း အင်န်အယ်လ်ဒီဝါရင့်အမတ် ဒေါ်ခင်စန်းလှိုင်က မှတ် ချက်ပြုသည်။

 

‘‘ဆင်းရဲတုန်းကတောင် စည်းစည်းလုံးလုံး၊ ညီညီညွတ် ညွတ်နဲ့ ဒီလိုနေလာခဲ့ပေမယ့် ရပိုင်ခွင့်တွေရှိလာတဲ့အချိန်မှာ ရဲ ဖော်ရဲဘက်စိတ်တွေ ပျောက်သွား တာ၊ အလုပ်မလုပ်တော့တာ။ ပြို ကွဲတာတွေဖြစ်တယ်။ ဒါကြောင့် ချမ်းသာတဲ့ဒဏ်ကိုလည်း ခံနိုင်ရ မယ်။ ဒါမျိုးမဖြစ်စေချင်လို့ပြောသွားတာ’’ဟု ၎င်းက ပြောကြား သည်။ထို့အပြင် ဒေါ်အောင်ဆန်း စုကြည်က လွှတ်တော်တွင်း၌ Party Whip (ပါတီဆော်ဩသူ)များ ထားရှိခြင်းမှာ ဒီမိုကရေစီကို ဆန့်ကျင်၍ လုပ်ဆောင်ခြင်း မဟုတ်ဘဲ ပါတီစည်းမျဉ်းစည်း ကမ်းအတိုင်း လုပ်ဆောင်ရန် အ ရေးကြီးသည့်အတွက် ထားရှိရ ခြင်းဖြစ်ကြောင်း ပြောသည်။

‘‘အဲဒီလိုမလုပ်ချင်ရင် အစ ကတည်းက တစ်သီးပုဂ္ဂလအဖြစ် နဲ့ ဝင်ပြီးတော့ ရွေးလေ။ ပါတီ နာမည်ခံပြီးတော့ လက်မှတ် လည်းထိုးလိုက်သေးတယ်။ ပါတီစည်းမျဉ်းစည်းကမ်းကို လိုက်နာပါမယ်လို့ ခံဝန်ချက်ထိုးပြီးဝင်တဲ့သူတွေက လွှတ်တော်ထဲရောက်မှ ကိုယ်လုပ်ချင်ရာလုပ်မယ်ဆိုရင် ဘယ်ဖြစ်မလဲ’’ဟု ၎င်းက ဆို သည်။သို့ရာတွင် အင်န်အယ်လ် ဒီပါတီကို ကိုယ်စားပြုကာ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် ကိုယ်စားလှယ်အချို့က လွှတ် တော်အတွင်း Party Whip ထား ရှိခြင်းနှင့် အဆို၊ မေးခွန်းများအ ပေါ် စိစစ်ကန့်သတ်ခြင်းများကို ဝေဖန်ခဲ့ကြပြီး တစ်သီးပုဂ္ဂလအ ဖြစ် ရပ်တည်ခြင်း၊ ပါတီအသစ် တည်ထောင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *