ဂုဏ်ထူး(၃)ဘာသာထွက်ခဲ့တဲ့ မျက် မမြင်ကျောင်းသားလေးကို လေးစား မိတယ်ဆိုတဲ့ ပိုပို

Posted on

အဆိုတော်ပိုပိုက မျက်စိမမြင်ပေမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးများ နဲ့ အောင် မြင်ခဲ့တဲ့ မောင်ဘုန်းဝေဇင်ကို လေးစားမိတဲ့ အကြောင်းတွေ ပြောပြလာပါတယ်။အဆိုတော် ပိုပိုကတော့ ၂၀၁၉-၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူး(၃) ဘာ သာ နဲ့ အောင်မြင်ခဲ့တဲ့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ မောင်ဘုန်းဝေဇင် ကို သွားရောက် တွေ့ ဆုံ ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့ပါတယ်။ မောင်ဘုန်းဝေဇင်ရဲ့ စိတ်ထားအပေါ် ချီးကျူးမိတယ် လို့ လည်း Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“ ဒီလိုမျိုး ကလေးတွေက ပညာရေးမှာ အားမလျှော့ပဲနဲ့ ထူးချွန်တဲ့အတွက် ဒါက ဂုဏ်ယူစရာပါ ပဲ။ သူတို့က ကိုယ်တွေ ထက်တောင် တော်နေပါသေးတယ်။ အဲ့ဒီအတွက် အရမ်းလေးစားစရာ ကော င်းပါတယ်။ ဒီမောင်လေးကလည်း စိတ်ဓာတ်က အရမ်း Strong ဖြစ်တယ်။ အဲဒီအတွက် ပိုပြီးတော့ လေးစားတယ်။ သူပြောပြတဲ့ ငယ်ဘဝကို ပြန်ကြားရတဲ့ အချိန်မှာ စိတ်မကောင်းဘူး။ သူ့အကြောင်းတွေ ပိုပို့ကို ပြောပြတဲ့အချိန်မှာ ကိုယ့်ထက်တောင် စိတ်ဓာတ်မာသေးတယ်။” လို့ သူကဆိုပါတယ်။

 

ပိုပိုဟာ သူမကိုယ်တိုင် မျက်စိမမြင်ခဲ့သူ တစ်ယောက် ဖြစ်ခဲ့ရင် စိတ်ဓာတ်တွေ အရမ်းကျနေ တော့မှာလို့ ဆိုပါတယ်။ ဒါကြောင့် မျက်မမြင်ကျောင်းသားလေး မောင်ဘုန်းဝေဇင်ကိုကြည့်ပြီး ကြိုးစားကြစေချင်တယ်လို့ ဆိုပါတယ်။

“ပရိသတ်တွေလည်း မောင်လေးကို ကြည့်ပြီးတော့ ကြိုးစားစေချင်ပါတယ်။ မျက်စိမမြင်ပဲနဲ့ တော င် ဂုဏ်ထူး(၃) ဘာသာရအောင် ကြိုးစားနိုင်ခဲ့တယ်။ ကိုယ်သာ ရုတ်တရက် မမြင်ရလို့ ရှိရင် အရမ်းငိုနေမိမှာ။ ငါ့ဘဝကြီး သွားပါပြီဆိုပြီးတော့ စိတ်ဓာတ်တွေ ကျပြီး ကိုယ့်ကိုယ်ကိုယ် တောင် သတ်သေချင်တဲ့ စိတ်တွေ ဖြစ်နေမှာ” လို့ ဆက်လက် ပြောပြလာပါတယ်။

ပိုပိုဟာ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအ ယ် လ်ဘမ်လည်း ထွက်ရှိထားပါတယ်။သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေ လည်း လုပ်လာသူပါ။ ဂီတလောကမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှု ရရှိနေတဲ့ လူင ယ်အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *