ဂေဟာကိုကလေးလာပို့ပြီး အိမ်ပြန်ဖို့ လမ်းစရိတ်တောင်မရှိတဲ့ ကလေးမိခင် အ တွက် လှူဒါန်းလိုက်တဲ့ ခိုင်နှင်းဝေ

Posted on

ခိုင်နှင်းဝေ လို့ဆိုလိုက်တာနဲ့ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်နေတဲ့ နာမည်ကျော်မင်းသမီးတစ်ယောက်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ ။ မိဘမဲ့ ကလေးငယ်လေးတွေ ကို သားသမီးအရင်းတွေလို စောင့်ရှောင့် ကူညီနေတဲ့ ပရိသတ်တွေချစ်ခင်လေးစားရတဲ့ အနုပ ညာ ရှင်တစ်ယောက်ပါ ။

လတ်တလောမှာတော့ မြင်တော့လဲ မနေသာကိုယ့်ရင်ခွင်ရောက်လာတဲ့ ကလေး ကိုယ့်သမီးပဲပေါ့ လေ..ဆိုတဲ့စာသားလေးနဲ့အတူ သူမဆီထပ်မံရောက်ရှိလာတဲ့ ကလေးငယ်လေးရဲ့ အကြောင်းကို သူ မ ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေပေးလာခဲ့ပါတယ် ။ သမီးလေးရဲ့ မိခင်ကိုတော့ စစ် ကိုင်းထိပြန်ဖို့ လမ်းစရိတ်ပါမရှိတဲ့ အတွက် ပေါက်တဲ့နဖူး မထူးတော့ပြီမို့ လမ်းစရိတ် ၂၅၀၀၀ လှူပေးလိုက်တယ်လို့သိရပါတယ် ။

အခုလို တစ်ဝမ်းတစ်ခါး အသက်ရှင်ဖို့တောင် မနည်းရုန်းကန်နေရတဲ့ သူတွေရဲ့ဘဝအတွက် တော့ ခိုင်နှင်းဝေက ကျေးဇူးရှင် တစ်ယောက်ပါ လို့လည်း ပရိသတ်တွေက လေးစားဂုဏ်ယူစွာ မှတ်ချက်တွေရေးသားထားကြပါသေးတယ် ။ သမီးလေးရဲ့ မိခင်လည်း စစအရာရာအဆင်ပြေပါ စေ လို့ ခိုင်နှင်းဝေ က ဆုမွန်ကောင်းတောင်းပေးထားပါသေးတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *