ဂျပန်နာမည်ကြီး ကားကုမ္မဏီဖြစ်တဲ့ မီဆူဘီရှီ က မြန်မာနိုင်ငံမှာ ကားစက်ရုံတည်ဆောက်မယ်လို့ ကြေညာ

Posted on

ဂျပန်နာမည်ကြီး ကားကုမ္မဏီကြီးတစ်ခုဖြစ်တဲ့ Mitsubishi Motors က မြန်မာနိုင်ငံမှာ ကားစက်ရုပ်တည်ဆောက်ဖို့ပြင်ဆင်နေတယ်လို့ ကုမ္မဏီရဲ့ CEO Takao Kato က တရားဝင်အတည်ပြုပြောကြားလိုက်ပါတယ်။

Mitsubishi ဟာ အရှေ့တောင်အာရှမှာ ဈေးကွက်ဝေစုပိုမိုရရှိဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပြီး အဓိကပြိုင်ဘက်တွေဖြစ်တဲ့ Toyota နဲ့Suzuki တို့နဲ့ပိုမိုယှဉ်ပြိုင်နိုင်ဖို့အတွက်အခုလိုစက်ရုံတွေတည်ဆောက်နေတာလဲဖြစ်ပါတယ်။ Mitsubishi Motors ဟာ ကားစက်ရုံတွေကို ဗီယက်နမ် ၊ ထိုင်း ၊ အင်ဒိုးနီးရှားနဲ့ ဖီလစ်ပိုင်တို့မှာ တည်ဆောက်ထားတာဖြစ်ပြီး အခု မြန်မာနိုင်ငံလဲပါဝင်လာပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံကားဈေးကွက်မှာ ဂျပန်ကားကုမ္မဏီတွေရဲ့ရင်းနှီးမြှုပ်နှံမူအဖြစ် Nissan၊ Suzuki နဲ့Toyota ကုမ္မဏီတို့က ကနဦးရင်းနှီးမြှုပ်နှံထားတာဖြစ်ပြီး ယခု Mitsubishi ဟာ မြန်မာကားဈေးကွက်မှာ နောက်ထပ်ရင်းနှီးမြှုပ်နှံမူပြုလုပ်လာတဲ့ ဂျပန်ကားကုမ္မဏီလဲဖြစ်ပါတယ်။

Ref ; Nikkei Asian Review
Writer_HULK ( YGN Times )

Leave a Reply

Your email address will not be published. Required fields are marked *