ဂျပန်နိုင်ငံသို့ မိသားစုပါခေါ်ဆောင်နိုင်မည့် လုပ်သားခေါ်ယူမှုစနစ်သစ်အတွက် အစိုးရချင်း လက်မှတ်ရေးထိုးမည်

ဂျပန်နိုင်ငံသို့ မိသားစုပါ ခေါ်ဆောင်နိုင်မည့် လုပ်သားခေါ် ယူမှုစနစ်သစ်အတွက် နှစ်နိုင်ငံ အစိုးရချင်း လက်မှတ်ရေးထိုးရန် ရှိကြောင်း အလုပ်သမား၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြော သည်။

ဂျပန်နိုင်ငံတွင် ကျွမ်းကျင် လုပ်သားလိုအပ်ချက် မြင့်မားနေ ခြင်းကြောင့် မြန်မာအလုပ်သမား များကို အမြန်ဆုံးခေါ်ယူလို ကြောင်း ကမ်းလှမ်းမှုများရှိနေ သည်ဟု ဝန်ကြီးက ဖေဖော်ဝါရီ ၉ ရက်တွင် 7Day Daily သတင်း စာအား ပြောသည်။

‘‘နှစ်ရှည်ပေါ့။ ငါးနှစ် လောက်အထိ သူတို့ကို ပေးမယ်။ မိသားစုပါခေါ်ယူခွင့်ပေးမယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ ကျွမ်းကျင်အ လုပ်သမားများနည်းတူ ဥပဒေနဲ့ အညီ ခံစားခွင့်ပေးမှာ ဖြစ်တယ်။ မတ်လအတွင်းမှာ အမြန်ဆုံး လက်မှတ်ရေးထိုးချင်တယ်။ ဂျပန်နိုင်ငံမှာ ကျွမ်းကျင်လုပ်သားတွေ လိုအပ်နေတဲ့အတွက်’’ဟု ဦးသိန်း ဆွေက ပြောသည်။

ဂျပန်အစိုးရက နိုင်ငံခြား အလုပ်သမားဥပဒေအသစ်ဖြင့် မြန်မာအပါအဝင် ရှစ်နိုင်ငံမှ ကျွမ်းကျင်အလုပ်သမားများကို ခေါ်ယူ ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ယင်းအစီအစဉ်နှင့် ပတ် သက်၍ ဖေဖော်ဝါရီ ၆ ရက်က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအ မတ်ကြီးက ၎င်းနှင့် တွေ့ဆုံဆွေး နွေးခဲ့ကြောင်း ဦးသိန်းဆွေက ဆိုသည်။

‘‘ကျွမ်းကျင်လုပ်သားတွေကို သူတို့ (ဂျပန်လုပ်ငန်းရှင်များ)က ကျွမ်းကျင်မှုကို စစ်ဆေးမယ်။ ပြီး တော့ ဘာသာစကားကို စစ်ဆေး မယ်။ အေဂျင်စီတွေကနေ လွှတ် ခွင့်ရမှာပါ’’ဟု ၎င်းက ပြောသည်။

ဂျပန်နိုင်ငံသည် လက်ရှိတွင် နိုင်ငံခြားသား အလုပ်သမားများ ကို သင်တန်းသားလုပ်သားအဖြစ် သာ ခေါ်နေသည်။

ဂျပန်နိုင်ငံက လုပ်ငန်း ၁၄မျိုးအတွက် ပထမနှစ်တွင် နိုင်ငံခြားလုပ်သား ၄၈,၀၀၀ ဦး ခေါ်ယူ လက်ခံမည်ဖြစ်ပြီး ငါးနှစ်အတွင်း စုစုပေါင်း ၃၅၀,၀၀၀ ဦး ဆက် လက်ခေါ်ယူမည်ဟု ယင်းနိုင်ငံမှ သတင်းများက ဆိုသည်။

လက်ရှိတွင် ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေ သည့် မြန်မာအလုပ်သမားဦးရေ သည် တစ်လလျှင် ၃၀၀ မှ ၅၀၀ ခန့်ရှိကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန စာရင်းများ တွင် ဖော်ပြထားသည်။

Credit-7day News

Leave a Reply

Your email address will not be published. Required fields are marked *