ဂျပန် Aeon ကုမ္ပဏီက ရွှေတောင်ကုမ္ပဏီနဲ့ ပေါင်းပြီး ဒဂုံဆိပ်ကမ်းမြို့နယ် မှာ စူပါမားကက်နဲ့ စီးပွားရေးအဆောက်အအုံ စင်တာကြီး တည်ဆောက်ပြီး ဒေါ်လာ သန်း၁၈၀ ရင်းနှီးမြှုတ်နှံမတဲ့။သီလဝါဆိပ်ကမ်းနဲ့ စက်မှုဇုံကနေ ရန်ကုန် ဘက်ကို ဦးတည်ပြီး လာခဲ့ရင် ပဲခူးမြစ်ကူး ကလဝဲ (ကုလားဝဲ)တံတားကို ကျော်လိုက်တာနဲ့ ဒဂုံဆိပ်ကမ်းစက်မှုဇုံကိုရောက်တယ်။ ပဲခူးမြစ်လမ်းမကြီးအတိုင်း ၅မိနစ်လောက် နောက်ထပ် ကားနဲ့ ဆက်မောင်းလိုက်ရင် သာကေတဘက်က လာတဲ့ ရတနာလမ်းမကြီးနဲ့ ဆုံတဲ့ နေရာမှာ စင်ကာပူအခြေစိုက် တရုတ် Developer ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့Samanea နိုင်ငံတကာအဆင့်မီ လက္ကားဈေးကြီး တည်ဆောက်နေတာ ရှိပါတယ်။ အဲဒီ တရုတ်တွေ ဦးထားတဲ့ဝင်းကြီးထဲမှာပဲ အခုလို ဂျပန်ရဲ့ အဆင့်မြင့် စူပါမတ်ကက် လက်လီဈေးကြီး တည်ဆောက်လိမ့်မယ်လို့ ယူဆရပါတယ်။
ရန်ကုန်မြို့လယ် ဆူးလေဘုရားဘက်က နာရီဝက်အတွင်း ကားနဲ့ အရောက်လာနိုင်တဲ့ Facility တွေ တည်ရှိနေတာ ဒီနေရာမှာ ပါဘဲ။ ဂျပန်ကုမ္ပဏီ တွေဟာ မကြာသေးခင်ကပဲ ဂျူလိုင်၂၅ရက်နေ့က သီလဝါစက်မှုဇုံမှာ လျပ်စစ်ဓာတ်အား ၁၂၅၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးမယ့် LNG လျပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာ၂ဘီလျံ ရင်းနှီးမြှုပ်နှံမှာဖြစ်ကြောင်း သတင်းတွေ ထွက်လာခဲ့ပါတယ်။
အဲဒီ LNG လျပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့ရင်းနှီးမြှုပ်နှံရာမှာ မြန်မာဘက်က Eden group ကုမ္ပဏီနဲ့ ဖက်စပ် လုပ်ဆောင်မှာ ဖြစ်ပါသတဲ့။ Eden group ကုမ္ပဏီ ဆိုတာ ကတော့ မြန်မာ့ရှေ့ဆောင်ဘဏ်၊ Denko ဆီဆိုင်များ၊ Hilton ဟိုတယ်၊ သင်္ဂဟဟိုတယ်ကြီးများရဲ့ သူဋ္ဌေးကြီး ပိုင်ဆိုင်တဲ့ လူသိများတဲ့ထိပ်တန်း ကုမ္ပဏီ ကြီး ဖြစ်ပါတယ်။အခု ရွှေတောင်ကုမ္ပဏီ ဆိုတာကလည်း ဘယ် မိသားစုဝင်တွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီကြီး ဖြစ်တယ်လို့ အထူး ပြောစရာ မလိုတဲ့ နိုင်ငံကျော် ကုမ္ပဏီကြီး ဖြစ်ပါတယ်။
ဘယ် အစိုးရနဲ့ ပဲ ဖြစ်ဖြစ် အဆင်ပြေအောင် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိတဲ့ မြန်မာ့ ခရိုနီ သူဋ္ဌေးကြီးတွေဟာတရုတ်တွေ လက်ဦးမှု ရယူဖို့ ကြိုးစားနေတဲ့ သီလဝါဈေးကွက်ကြီးမှာ ဂျပန်ကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်းရင်းနှီးမြှုပ်နှံဖို့ သေချာသွားပြီ ဖြစ်ကြောင်း သိရပါတယ်ဗျာ။