“ငယ်ကတည်းကနေခုချိန်ထိလှနေတော့ နဲနဲတော့ပင်ပန်းတယ်”ဆိုတဲ့မင်းသမီးလေးနွယ်ဒါလီထွန်း

Posted on

ထူးခြားလှပတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားပြီး အနုပညာလောကမှာနေရာရရှိထားသူကတော့ မင်းသမီးချောလေးကတော့ နွယ်ဒါလီထွန်းပါ။ Miss Oramin- F အဖြစ် အနိုင်ရရှိခဲ့ပြီးနောက် အနုပညာလောကမှာ မော်ဒယ်လ်၊မင်းသမီးတစ်ယောက်အနေနဲ့ရပ်လျက်ရှိနေတာပါ။ အပြုံးချိုချိုလေးနဲ့လည်း ပရိသတ်တွေရဲ့အချစ်ကိုဖမ်းစားထားနိုင်တာပါ။

ပြီးပြည့်စုံတဲ့အလှတွေကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးနွယ်ဒါလီထွန်းကတော့ ဒီနေ့မှာ ငယ်ဘဝပုံရိပ်တွေကို ပြန်ပြီးတော့ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ်။ ငယ်ဘဝပုံရိပ်တွေကို လက်ရှိပုံရိပ်တွေနဲ့ယှဉ်တွဲပြီးတော့ မျှဝေထားတာပါ။ ဒီပုံရိပ်လေးတွေနဲ့အတူ “ငယ်ကတည်းကနေခုချိန်ထိလှနေတော့ နဲနဲတော့ပင်ပန်းတာပေါ့” ဆိုပြီးတော့ အရွှန်းဖောက်ရေးသားထားခဲ့တာပါ။

မင်းသမီးချောလေးနွယ်ဒါလီထွန်းကိုတော့ ပရိသတ်တွေကမော်ဒယ်လ်တစ်ယောက်အနေနဲ့ စတင်သိခဲ့ကြပြီး အခုအချိန်မှာဆိုရင် ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးလာတာကို သိကြမှာပါ။ နွယ်ဒါလီထွန်းကတော့ အခုအချိန်မှာအလှကြီးလှနေသလို ငယ်ငယ်ကတည်းကလှတဲ့သူလေးလို့ ဆိုထားပါတယ်နော်။ နွယ်ဒါလီထွန်းရဲ့ပရိသတ်တွေရှိကြလားနော်

Leave a Reply

Your email address will not be published. Required fields are marked *