ငယ်ဘဝကနေ ယနေ့အချိန်ထိ ခန့်ညားနုပျိုဆဲဖြစ်တဲ့ ပုံရိပ်လေးတွေကို မျှဝေလာတဲ့ ခန့်စည်သူ

Posted on

ပရိသတ်ကြီးရေ နိုင်ငံကျော်ရုပ်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ ခန့်စည်သူကတော့ တစ်ခေတ်တစ်ခါထဲက ပရိသတ်အားပေးမှုများစွာရရှိခဲ့တဲ့ ၀ါရင့်သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူကတော့ အနုပညာလောကမှာ နှစ်ပေါင်းကြာမြင့်သည့်တိုင် အောင်မြင်မှုတွေ ရရှိနေတဲ့ အနုပညာရှင်တစ်ဦးလဲဖြစ်ပါတယ်။

ခန့်စည်သူကတော့ ယနေ့အချိန်ထိ အနုပညာအလုပ်တွေကို ဖြေးဖြေးနဲ့မှန်မှန်လုပ်ဆောင်နေသူပဲဖြစ်ပါတယ်။သူကတော့ အခုချိန်ထိ လူပျိုကြီးဘ၀နဲ့ပဲ မိဘတွေကိုပြုစုစောင့်ရှောက်ရင်း ဘ၀ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။အခုဆိုရင်တော့ ခန့်စည်သူက ငယ်ဘ၀ပုံရိပ်တွေကို သူ့ရဲ့ လူမှုကွန်ရက်ကနေ မျှဝေလာခဲ့ပါတယ်။

အဆိုပါပုံလေးတွေကိုတော့ ခန့်စည်သူက ” ကိုကြာစွယ် တစ်ယောက်.နတ်ရေကန်ရွာ မရောက်ခင်တုန်းက..” ဆိုပြီး ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။ခန့်စည်သူကတော့ ငယ်ဘ၀ကနေ ယနေ့အချိန်ထိ ခန့်ညားနုပျိုနေဆဲပါပဲနော်။ပရိသတ်ကြီးအတွက် ချောမောလွန်းတဲ့ ခန့်စည်သူရဲ့ ငယ်ဘ၀ပုံရိပ်အဆင့်ဆင့်ကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *