ငါ့ကို ပြန်ပို့ မယ်ထင်ပြီး ငါလိုက် လာတာ ငါက အိမ်ကို ပြန်ချင်တာလို့ ငိုပြီး ပြောနေတဲ့ ဦးလေးကြီး

ဦးလေး မိသားစုနဲ့ အမြန်ဆုံးအဆက်သွယ်ပြန်ရအောင် ကျေးဇူးပြု ၍ Share လုပ်ပေးကြပါဦးနော်

ကချင်ပြည်နယ် မိုးကောင်းမြို့  မန်းဇိုင်းရွာ လဲ ပြောတယ် ဆားမော်ကုန်း ရွာ တစ်ခုလဲ ထပ် ပြောပါတယ် နာမည်က ဦးဆောင်ဖရန့်  လို့  ပြောပါတယ် ဦးလေး ပြောတဲ့ လေသံနဲ့ အနီးစပ်ဆုံးရေးထားရှင့်

ဘယ်လို အကြောင်းကြောင့် ရောက်လာတာ မသိပေမယ့် မေးလို့ မရပေမယ့် ရွာပြန်မယ် မိုးကောင်းပြန်ချင်တယ်တော့ မကြာခန ပြောပါတယ် ဦးလေး ပြောပုံအရ သူ ခုလို သွားနေ တာ(3)လလောက်ရှိပါပြီတဲ့

မိုးကောင်း ကိုပြန်မလို့  လမ်းလျောက်ပြန်တာတဲ့ မှတ်ပုံတင်လဲသိမ်းတယ် ကားလဲပေးမစီးဘူး ပိုက်ဆံလဲ ယူသွားတယ် လို့  ပြောနေပါတယ်

နောက်ပြီးဦးလေးက နားလဲ သိပ်မကြား ဖြစ်ပြီးမျက်စိက တစ်ဖက်ပဲကောင်းကောင်းမြင်ပုံရပါတယ်

ဒီနေ့  လွိုင်ကော်ဆေးရုံကြီးမှာ လိုအပ်တဲ့ ဆေးဝါးကုသမှု့ ခံယူတုန်း ငါ့ကို ပြန်ပို့ မယ်ထင်ပြီး ငါလိုက် လာတာတဲ့ ငါမိုးကောင်းပြန်ချင်တာ ပြန်မပို့ ဘူးဒီကို လာပို့ တယ် နင်တို့ မပို့ ရင်ပြောပါ….ငါလမ်းလျောက်ပြန်မယ်

ငါ အိမ်ကိုပြန်ချင်တာတဲ့ ငိုပြီး ပြောနေပါတယ် ဒီPostကိုမြင် ပြီ မိသားစုဝင်များ ကို ဆက်သွယ်ကူပေးကြပါဦးနော

လွိုင်ကော် ဆေးရုံကြီးမှာ လိုအပ်တဲ့ ဆေးကုသမှု့ ခံယူ ပြီး ဆေးရုံတက်ရန် မလိုအပ်သည့်အတွက် ယခုလောလောဆယ် ဦးလေးကို မိသားစုများ နဲ့  ဆက်သွယ်နေတုန်းကာလ၌ကယားပြည်နယ် ဘိုးဘွားရိပ်သာ တွင် ထားရှိသွားမှာ ဖြစ်ပါတယ်

ထားစရာနေစရာမရှိ ချိန်မှာ နေစရိတ်စားစရိတ်တာဝန်ယူ ကူညီပေးတဲ့ ပြည်နယ်ဘိုးဘွားရိပ်သာမှ တာဝန်ရှိ လူကြီမင်းများအား အထူးကျေးဇူးတင်ပါတယ်!

ဦးလေးအားဂရုတစိုက် ဆေးကုသမှု့ ပေးပြီး တစ်ကိုယ်ရည်သန့် ရှင်းရေးပြု လုပ်ပေးပါသော လွိုင်ကော်ဆေးရုံကြီးမှ တာဝန်ကျ ဆရာ/ဆရာမများအား အထူးကျေးဇူးတင်ပါတယ်

Ambulanceကား အကူညီပေးပါသောလွိုင်ကော်မြို့ နယ် မီးသတ် ဦးစီးဌာန အား

ကျေးဇူးတင်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *