ငှက်သိုက်ကို မဖျက်စီးချင်လို့ ကားကို စွန့်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား

Posted on

ဒူဘိုင်း အိမ် ရှေ့ မင်းသား Sheikh Hamdan bin Mohammed bin Rashid Al Makt oum က တော့ Fazza လို့ လူသိများပြီး တစ်ချိန်မှာ ဘုရင် ဖြစ်လာမယ့် လူပါ။ လက်ရှိ မှာလည်း စီးပွားရေး ဆိုင်ရာ ကိစ္စ တွေကို ဦးဆောင် နေသူပါ။အသက်က တော့ (၃၇)နှစ် ဖြစ်ပြီး (၂၀၁၉) က မှ လက်ထပ် ထားသူပါ။

ကြင်နာ တတ်သူ၊ကူညီ တတ်သူလို့ သတ်မှတ်ခံ ထားရသူပါ။ အိမ် ရှေ့ မင်းသား ရဲ့ ကြင်နာ တတ်တဲ့ အပြု အမူ တစ်ခု က တော့ အွန်လိုင်းပေါ်မှာ နာမည်ကြီး နေပါတ ယ်။ဒီအ ကြောင်းကိုတော့ indiatimes မှာ အခုလို ဖော်ပြထားပါတယ်။

အိမ် ရှေ့ မင်းသားရဲ့ ဇိမ် ခံ ကား ပေါ်မှာ ငှက် က အသိုက် လာ ဖွဲ့ ခဲ့တာပါ။ငှက် စုံ တွဲ အသိုက် ဖွဲ့ ဥဥ ခဲ့ ပြီး ပျော်ရွှင် ကြည်နူး နေ တဲ့ အသိုက် အမြုံ က တော့ အိမ် ရှေ့ မင်းသား ရဲ့ ကားကြီး ပေါ် မှာပါ။ကားကို သုံးမယ်ဆိုရင် ကားပေါ်မှာ အသိုက် လာဖွဲ့ နေတဲ့ ငှက် သိုက် ကို ဖျက် စီး နှောင့် ယှက် မိသလို ဖြစ်မှာ စိုးတာ ကြောင့် အိမ် ရှေ့ မင်းသားက အဲ့ဒီ ကားကို ငှက် တွေ နေ နေတဲ့ တစ် လျှောက် လုံး လုံးဝ အသုံးမပြု ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကားကိုပါ အနီရောင် Tape ကပ် ထားလိုက်ပြီး ငှက် လေးတွေ ဘေး ကင်း အောင် ကာကွယ် ပေး ခဲ့ပါတယ်။ဒီ အ ကြောင်းကိုတော့ သူ့ရဲ့ IG မှာ ဗီဒီယိုဖိုင် နဲ့ အတူ ဝေမျှ ပေး ခဲ့ပါတယ်။ အသိုက် လာ ဖွဲ့ တာ က နေ ဥဥ တဲ့ အထိ သေချာ လေး ရိုက်ထားတာပါ။ဗီဒီယိုဖိုင် အဆုံးမှာတော့ အ မေ ငှက်မ ကြီးက အ ကောင် ပေါက် လေးတွေ ကို စောင့် ရှောက် နေတာ ပါ ပါပါတယ်။အိမ် ရှေ့ မင်းသား ရဲ့ ကြင်နာ တတ်တဲ့ စိတ်ထားကို တော့ အားလုံး က ၀ိုင်းပြီး ချီးကျူး ခဲ့ ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *