ရုပ်ရှင်မင်းသား ဦးကျော်သူဟာ ပရဟိတလုပ်ငန်းတွေမှာ စိတ်ကိုနှစ်ပြီး ပြုလုပ်သူတစ်ဦးဖြစ်ပါတယ်ဒါကြောင့် သူ့ကို ပရဟိတစစ်သူကြီးလို့ တောင်ခေါ်ဆိုထိုက်ပါတယ်။ခုလည်းပဲ အလှူရှင်တွေနဲ့ အတူ ဦးကျော်သူဟာ ဝမ်းမြောက်ဖွယ်အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်အဲတာကတော့ “မနေ့က နာကူ(ရန်ကုန်) ရဲ့ အားထားရသော ဘုတ်အဖွဲ့ဝင် ကိုရူပနဲ့ အွန်လိုင်းကနေစကားပြောကြရင်း ကိုရူပမှ သူရိုးရိုးသာမန်နေမကောင်း၍အိမ်တွင်နားနေရကြောင်း၊ အသင်း မှကိုဗစ်ကာကွယ်ရေးအတွက် လူနာများပို့ဆောင်မှုများမြင်ရကြောင်း၊ ပိုးသတ်ဆေးဖြန်းရာတွင် ဝန်ထမ်းများ၊ ပရဟိတလူငယ်များအားသနားကြောင်း၊
ကျွန်တော်မှလည်းအဟာရဒါနကျွေးမွေးနေပြီဖြစ်ကြောင်းပြောပြီးသကာလ ကိုရူပမှ ဒီလိုစက်ကြီးနဲ့ဆိုရင်ကောင်းမယ်ဗျာ ဟုပြောပြီး ပြည်ပနိုင်ငံတစ်ခုတွင်လမ်းမကြီးအားပိုးသတ်ဆေးဖြန်းနေသည့်ပုံအားပို့လိုက်သည်ကျွန်တော်မှ အနားတွင်ရှိသော CEO ကိုခိုင်ဖြိုး အားပြသရာ ရန်ကုန်မြို့ဘုရင့်နောင်တွင်ရှိကြောင်းပြော၍ ချက်ခြင်းစုံစမ်းကြည့်ရာ ပိုးသတ်ဆေး ဘုရင့်နောင် တွင် သွား၍ဝယ်နေသောနာကူရှေ့တန်းအဖွဲ့များမှစုံစမ်းရာ ဈေးနှုန်းသိရ၍ ကိုရူပအားအလှူရှင်ရှာခိုင်းလိုက်မိသည်။ကိုရူပ မှလည်း ကျွန်တော့်နည်းတူ စိတ်မြန်လက်မြန်ဖြင့် သူလှူမယ်ဟု ချက်ခြင်းငွေပို့လိုက်၍ ယနေ့ကျွန်တော်တို့ အများပြည်သူတို့အတွက် ထိရောက်သော ကူညီမှုကို ထမ်းရွက်ပေးနိုင်ခြင်းဖြစ်ပေတော့သည်။
စက်တန်ဖိုး (၁၄၀၀၀၀ဝိ/-)တစ်ဆယ့်လေးသိန်း၊မီးစက်ဖိုး(၈၀၀၀၀ဝိ/-)ရှစ်သိန်းကျပ်ကို ချက်ခြင်းမဆိုင်းမတွ ပေးခြေလှူဒါန်းခဲ့သည့် ကိုရူပနှင့် မီးစက်ဖိုးအား ပူးပေါင်းပါဝင်လှူဒါန်းကြသောကိုထွန်းကိုကို၊ကိုသားကြီး၊ကိုအောင်လေးတို့အဖွဲ့အားအထူးကျေးဇူးတင်ရှိ သာဓု သာဓု သာဓုခေါ်ဆိုအပ်ပါသည်။အချုပ်ဆိုရသော် ပရဟိတနှင့်ပါတ်သက်လာရင် စိတ်မြန်သောကျွန်တော်နှင့် အလှူဒါနတွင် လက်မနှေးသော ကိုရူပနှင့်အလှူရှင်တို့ အပြင် ခြေမြန်လက်မြန်ပရဟိတမျိုးဆက်များပေါင်းမိခြင်း၏ရလာဒ်ကားပြည်သူတို့အတွက် ထိရောက်သော အကျိုးကျေးဇူးပင်ဖြစ်ခဲ့ရပါပြီ။(ခြေမြန် လက်မြန်ပေလို့။ ဒီနေ့မှ ဝယ်ရင် ဆိုင်မှာ ပစ္စည်းပြတ်သွားပြီလေ)”ပရိသတ်ကြီးတို့လည်း သာဓုခေါ်ဆိုခဲ့ကြပါအုံးနော်။