စစ်ကိုင်းနှင့် ထိစပ်နေသည့် အိန္ဒိယ နယ်စပ်တွင် တရားဝင်နှင့် တရားမဝင် ဝင်ပေါက် ၈၈ ခု ရှိနေ

Posted on

အဆိုပါဝင်ပေါက်များကို ပိတ်ထားသည်ဟု ဝန်ကြီးဆို စစ်ကိုင်းတိုင်းဒေသကြီးနှင့် အိန္ဒိယနယ်နိမိတ်ချင်း ထိစပ်နေသော နှစ်နိုင်ငံ နယ်စပ်တလျောက်တွင် တရားဝင်နှင့်တရားမဝင် ဝင်ပေါက်ပေါင်း ၈၈ ခုရှိပြီး ယခုအ ခါ အဆိုပါဝင်ပေါက်များကိုပိတ်ထားကြောင်း စစ်ကိုင်း တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက့ ပြောကြားသည်။ စစ်တွေတွင် တစ်ကျော့ပြန် ပြည်တွင်းကူးစက်မှုစတင် ဖြစ်ပွားချိန်မှစကာ စစ်ကိုင်း – အိန္ဒိယနယ်စပ်ရှိ ဝင်ပေါက်များကို ပိတ်ခဲ့သည်ဟု ဦးမိုးကျော်သူက ဆိုသည်။ ဦးမိုးကျော်သူက” အိန္ဒိယ နယ်စပ်ဝင်ပေါက်က တရားဝင်ရော၊ တရားမဝင်ရော အားလုံး ၈၈ ခု ရှိတယ်။ အဲ ဒီ ၈၈ ပေါက်ထဲမှာမှ တရားဝင်၊ သိပ်ပြီး စောင့်ကြည့် နိုင်တဲ့နေရာတွေက နည်းပါတယ်”ဟု ပြောသည်။

ထို့အတွက်ကြောင့် COVID – 19စီမံခန့်ခွဲမှုကော်မတီခရိုင်ဥက္ကဋ္ဌ၊ မြို့နယ် ဥက္ကဋ္ဌ၊ လ.ဝ.က မှ ဝန်ထမ်းများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဝင်ပေါက်များကိုပိတ်ရန် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ ” အားလုံး မစောင့်ကြပ်နိုင်ရင် သူတို့ ဝင်လာတဲ့အခါ ခိုးဝင်၊ ခိုးထွက်လုပ်လာ တာတဲ့အခါမှာ သက်ဆိုင်ရာ ကျေးရွာတွေက၊ုပ်ချုပ်ရေးမှူးတွေကနေပြီးတော့မှ သတင်းပို့ဖို့အတွက်ကို ကျွန်တော်က လမ်းညွှန်မှုပေးခဲ့ပါတယ်။ မပို့ခဲ့လို့ရှိရင်၊ အကယ်၍ ဝင်ရောက်စစ်ဆေးလို့ တွေ့ခဲ့လို့ရှိရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး တွေမှာလည်း တာဝန်ရှိတယ်။ ဝင်လာတဲ့လူတွေမှာလည်း ရှိတယ်။ အဲဒီအတွက်ကို ကျွန်တော်တို့ ကိုဗစ် ဥပဒေနဲ့ အရေးယူဆောင်ရွက်မယ် ဆိုတာတွေလည်း စီစဉ်ခဲ့ပါတယ်” ဟု ဝန်ကြီးက ပြောသည်။

ပြည်ပနိုင်ငံများမှမြန်မာနိုင်ငံသို့ မည်သူမဆို တရားမဝင်,ဝင်ထွက်ပေါက် များမှ ဝင်ရောက်လျှင်၊ ယင်းသို့ တ ရားမဝင်,ဝင်ရောက်ကြောင်းသိလျက်နှင့် လက်သင့်ခံလျှင် သက်ဆိုင်ရာတည်ဆဲဥပဒေများနှင့်အညီ အရေး ယူဆောင်ရွက်ခြင်းခံရမည်ဟု COVID-19 ကာကွယ်၊ ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကလည်း ထုတ်ပြန်ကြေညာထားသည်။ ယခုလောလောဆယ်တွင် အရေးယူဆောင်ရွက်မှုများ မရှိသေးသည့်အတွက် တရားမဝင်,ဝင်လာသည် ဟု ပြော၍မရသေးကြောင်းနှင့် တရားဝင်,ဝင်ပေါက်မှ ဝင်လာသည့်သူများလည်းရှိသည်ဟု ဝန်ကြီးက ပြောသည်။ ” ဒီလထဲမှာပဲ မုံရွာဘက်က ရက်ကန်းလုပ်ငန်း သွားလုပ်နေတဲ့လူတွေ ၂၀ ဝန်းကျင်လောက်ကို နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ပြန်ခေါ်ဖို့ အစီအစဉ် ရှိပါတယ်” ဟု ဝန်ုကြီး ဦးမိုးကျော်သူက ပြောကြားသည်။

မြန်မာနိုင်ငံ၏ Covid-19 ရင်ဆိုင်နေရသည့် ကာလအတွင်း နေ့ အလိုက်တွေ့ ရှိမှုစံချိန်သစ်အဖြစ် ယနေ့ သြဂုတ် ၃၁ ညတွင် COVID – 19 ဓာတ်ခွဲ အတည်ပြုလူနာ ၉၅ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ည ၈နာရီအချိန်တွင် သတင်းထုတ် ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *