စစ်တွေရောက် ကျန်းမာရေးအဖွဲ့တွင် မဲနှိုက်ပြီးပါလာတဲ့ သူများလည်းရှိနေ

Posted on

ဒီနေ့မနက်မှာတော့ စစ်တွေမှာ ပိုးတွေ့လူနာသစ် မရှိပါဘူး။ ဒါပေမယ့် အခြေအနေက ဆက်ပီး Stay at home လုပ်ရဦးမှာပါ။ အဆင်ပြေလာမယ်လို့ မျှော်လင့်ပါတယ်။ ရန်ကုန်ကနေ သွားရောက်ကြတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ဒီမနက်မှာ စစ်တွေကို ရောက်ရှိသွားကြပါပီ။ ဆန္ဒအလျောက် သွားကြသူတွေပါသလို မဲနှိုက်ပီး စေလွှတ်လိုက်သူတွေ ရှိပါတယ်။ သတိချပ်ရမှာက ရန်ကုန်ဆေးရုံကြီးက အဖွဲ့တွေဟာ ရန်ကုန်ဆေးရုံကြီးမှာကော ဝေဘာဂီ၊ ဖောင်ကြီး၊ တောင်ဥက္ကလာ အစရှိတဲ့ နေရာတွေပါ အလှည့်ကျ ဆင်းနေရသလို အခုလို မြန်မာပြည်အနှံ့ လျှောက်သွားနေရမယ်ဆို ကြာလာရင် Work Load တွေ ပိပီး အဆင်မပြေပါဘူး။ တခြားသော နေရာဒေသတွေက ဆရာဝန်တွေကိုလဲ အကူစေလွှတ်ဖို့ လိုအပ်ပါတယ်။

များပြားလာတဲ့ လူနာတွေကို ထားရှိဖို့ စစ်တွေဆေးရုံမှာ အဆောင်တိုးချဲ့နေသလို အသစ်ဆောက်လုပ်ဖို့လဲ စီစဉ်နေရပါတယ်။ နောက်ပီး ဆေးဝါး၊ အစားအသောက်နဲ့ နေထိုင်ဖို့ကိုလဲ စီစဉ်ပေးနေရပါတယ်။ လိုအပ်ရင် ယာယီဆေးရုံ ထပ်ဆောက်ဖို့လဲ စီစဉ်ထားပါတယ်။တပ်မတော်က ပေးပို့တဲ့ စက်ကြီးလဲ စစ်တွေရောက်လာလို့ စစ်တွေမှာ စက် ၃ လုံးရှိလာပီး ပိုမို စစ်ဆေးနိုင်ပါတော့မယ်။ မကြာခင် တောင်ကြီးမှာလဲ စစ်ဆေးလို့ ရတော့မယ်လို့ သိရပါတယ်။

IDP စခန်းတွေနဲ့ စစ်ဘေးရှောင်စခန်းက ရခိုင်လူမျိုးတွေအတွက်လဲ အစိုးရက အစားအသောက်စရိတ် ကျပ် ၁.၆ ဘီလီယံကို ရခိုင်အစိုးရအဖွဲ့ကို ပေးခဲ့သလို နေထိုင်မကောင်းဖြစ်ရင် သီးခြားထားကုသလို့ အဆောက်အဦး ၃၀ ထပ်မံတည်ဆောက်ပါမယ်။ အဲဒီအတွက် ကုန်ကျငွေက ကျပ် ၂၂၃ သန်းပါ။ ငွေကော လူကော မရှိရှိတာနဲ့ အစွမ်းကုန်လုပ်ပေးနေပါတယ်။ တချို့တွေက အစွဲတွေနဲ့ အမှန်မမြင်ကြတာ စိတ်မကောင်းပါဘူး။ အစိုးရကော ဌာနကပါ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေကို ပစ်ပယ်မထားပဲ တတ်နိုင်သလောက် အားကုန်သုံးပီး ကူညီနေပါတယ်။ပြည်သူတွေ Mask တပ်၊ လက်ဆေး၊ ခွာခွာနေကြရင်ဖြင့် မကြာခင်မှာ ဒုတိယလှိုင်းကို ကာကွယ်နိုင်ပါလိမ့်မယ်။ စစ်တွေမြို့နဲ့ တကွ မြန်မာပြည်တခုလုံးက ပြည်သူပြည်သား တိုင်းရင်းသား ညီအစ်ကို အပေါင်းတို့ ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ ထပ်လောင်း သတိပေးချင်ပါတယ်။ မိမိကစ ကာကွယ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *