” စစ်မြေပင်မှာတိုက်ပွဲဝင်နေရသလိုတိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဆိုင်ရာပတ်သက်သူများအားလုံးကို လေးစားဂုဏ်ယူကြောင်းပြောပြလာတဲ့ စမိုင်းလ်”

Posted on

ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ လက်ရှိမှာ ဖြစ်ပွားလျက်ရှိတဲ့ Covid 19 နဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန် တွေကိုအင်တိုက်အားတိုက်ရှေ့ဆုံးကနေ တိုက်နှိုးဆော်လျက်ရှိတဲ့သူတစ်ယောက်ပါပဲနော်။အလှူအတန်းတွေနဲ့ ပရဟိတတွေကို ထိပ်ဆုံးက လုပ်ကိုင်လျက်ရှိတဲ့ အနုပညာရှင်တစ်လက်ပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ဖြစ်ပွားမှုနှုန်းကမြင့်တက်လာမှုကြောင့် အခုဆိုရင် (၁၄)ယောက်မြောက်ထိတွေ့ရှိနေပြီပဲ ဖြစ်ပြီး တစ်ယောက်ကတော့ဒီနေ့မနက်မှာပဲသေဆုံးသွားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် စိုးရိမ်နေတဲ့ အနုပညာရှင်တွေထဲမှာ စမိုင်းကလည်း ထိပ်ဆုံးကပါဝင်နေတာဖြစ်ပြီး Covid 19 နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း Update တင်ပေးနေတဲ့ သူတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။

ဒီနေ့မှာတော့ ” ကိုယ်တွေအိမ်မှာအေးအေးဆေးဆေးနေနေရချိန် စစ်မြေပင်မှာတိုက်ပွဲဝင်နေရသလိုတိုက်ပွဲဝင်နေတဲ့ ဆရာဝန် သူနာပြုနှင့်ကျန်းမာရေးဆိုင်ရာပတ်သက်သူများအားလုံးကို လေးစားဂုဏ်ယူပါတယ်နော် Keep fighting for our country respect ပါအားလုံး” ဆိုတဲ့ စာလေးနဲ့ လေးစားဂုဏ်ယူကြောင်းပြောပြလာတာပါ။ ပရိသတ်တွေလည်း စမိုင်းနဲ့အတွေးချင်တူရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *