စစ်တွေဆေးရုံကြီး ကိုဗစ်လူနာဆောင်မှ ယမန်နေ့က ဖုန်း (၂) လုံး ဝင်ခိုးသွားသော သူခိုးသိစေရန်

Posted on

စစ်တွေဆေးရုံတွင် ကိုဗစ် ကူးစက်ခံရသောလူနာများထားရှိရာ (ယခင်အရိုးဆောင်)တွင် မနေ့ည တစ်နာရီဝန်းကျင်ခန့်က ဖုန်းနှစ်လုံး အခိုးခံရကြောင်း သိရှိရပါသည်။ထိုလူနာဆောင် (အရိုးဆောင်ဟောင်း) တွင် လက်ရှိ ကိုဗစ်ကူးစက်ခံရသော ကျန်းမာရေးဝန်ထမ်းများအား ကုသလျှက်ရှိပါသည်။ မနေ့က အခိုးခံရသော ဖုန်းနှစ်လုံးမှာလည်း ရောဂါကူးစက်ခံရသော သူရဲကောင်း သူနာပြုနှစ်ယောက်၏ ဖုန်းဖြစ်ပါသည်။

ထို့ကြောင့် ဖုန်းခိုးသွားသူ သူခိုးခင်ဗျား… ကိုဗစ် လူနာမှန်း ခင်ဗျားသိသိ/မသိသိ ခင်ဗျားမှာ ရောဂါကူးစက်နိုင်ခြေ တော်တော်များနေပါပြီ။ ခင်ဗျားအပါအဝင် ခင်ဗျားမိသားစုလည်း စိတ်မချရသော အခြေအနေကိုရောက်နေပါပြီ။ ဖုန်းပြန်မပေးရင်တောင် Q ဝင်ဖို့/ နှာခေါင်းတို့ဖတ် ယူဖို့ လိုအပ်သလို စီမံနိုင်ရန် ကျန်းမာရေးဝန်ထမ်းများဖြင့် အမြန်ဆုံးဆက်သွယ်ပါဟု အကြံပြုအပ်ပါသည်။

နောင်တွင်လည်း ဆေးရုံတွင် ခိုးစားသောအလုပ်ကို လုပ်မည်ဆိုပါက အထူးသဖြင့် ယခုလို ကိုဗစ်ကာလတွင် ဘယ်လူနာကို ဘယ်အဆောင်ကိုဖြင့် ပြောင်းသွားပြီဆိုတာကို သေသေချာချာ စုံစမ်းအားထုတ်ပြီးမှ လှုပ်ရှားသင့်ပါကြောင်း

PS – သူခိုးသိအောင် မျှဝေ ပေးကြပါ

Leave a Reply

Your email address will not be published. Required fields are marked *