စစ်တွေမြို့မှာ တွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ်ကူးစက်ခံ လူနာအမှတ် ၄၃၉ ဟာ ဆယ်တန်းကျောင်းသူဖြစ်နေ

Posted on

စစ်တွေမြို့မှာတွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာအမှတ် ၄၃၉ ဟာ ဆယ်တန်းတက်ရောက်နေတဲ့ ကျောင်းသူတစ်ယောက် ဖြစ်တယ်လို့ သိရှိရပါတယ်အ.ထ.က(၂) စစ်တွေမှာ တက်ရောက် ပညာသင်ကြားနေတဲ့ ဒီကျောင်းသူဟာ ပြည်တွင်းကူးစက်မှုကို ခံလိုက်ရတဲ့ လူနာတွေထဲမှာ တစ်ဦး အပါအဝင် ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူမနဲ့ ထိတွေ့မှုရှိခဲ့တဲ့ ဆရာ၊ ဆရာမတွေကို တာဝန်ရှိသူတွေက Quarantine ထားရှိပြီး စောင့်ကြည့် စစ်ဆေးမှုတွေ ဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်။ကျောင်းတွေကို တစ်ပတ်ခြား တစ်ခါ ဖွင့်လှစ်နေတာဖြစ်ပြီး ကျောင်းတွေ ပိတ်လိုက်ပြီးတော့မှ ဒီကျောင်းသူမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာတွေ့လို့ ထိတွေ့ခဲ့သူအရေအတွက်ကို အတည်ပြုနိုင်ဖို့က အခက်အခဲတွေ ရှိနေပါတယ်။

ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်မှု အရေအတွက် မြင့်တက်လာတာကြောင့် ကျောင်းတွေကို ယာယီ ပိတ်ထားလိုက်ရပြီဖြစ်ပြီး အခုနောက်ပိုင်းမှာ ဗိုင်းရပ်စ် ကူးစက်မှုတွေက ရခိုင်ပြည်နယ်က တခြားမြို့တွေဖြစ်တဲ့ မြောက်ဦးမြို့၊ သံတွဲမြို့တို့မှာလည်း ဖြစ်ပွားနေပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *