စစ်တွေ‌ဆေးရုံကြီးမှာ ကိုဗစ်လူနာတွေကို ကုသရင်း ကူးစက်ခံလိုက်ရတဲ့ ရှေ့တန်းသူရဲကောင်းမလေး ရေးတဲ့စာ

Posted on

ရက်စက်လွန်းတဲ့ကံကြမ္မာရယ် တကယ်တော့ကိုယ်က ရောဂါပိုး စစ်တွေမှာစတွေ့ပြီဆိုတည်းက သူတပါးအတွက် ခံစားပြီးကြေကွဲခဲ့ရတယ် ကိုယ့်ရည်မှန်းချက်က ရောဂါခံစားနေရသူတွေကို တတ်နိုင်သလောက်ကူညီမယ်ပေါ့

အိမ်မှာမနေတော့ဘဲ ဆေးရုံမှာဂျူတီဆင်းရင်း ကိုယ်တတ်နိုင်သလောက် အုပ်တချပ်သဲတပွင့် ကူညီပေးခဲ့တယ် တာဝန်ကျေခဲ့တယ်လို့ခံစားမိပေမယ့် ကိုယ်ကြောင့်ဘယ်သူတွေကိုကူးစက်စေခဲ့ပြီလဲ

စေတနာတွေက ဝေဒနာဖြစ်ခဲ့ပီလား? ရောဂါကင်းပြီး ပြန်လာမယ့်တနေ့ ပရဟိတလုပ်ငန်းတွေလုပ်ချင်ပါသေးတယ် အလှူအတန်းတွေအများကြီးလုပ်ချင်ပါသေးတယ်

Leave a Reply

Your email address will not be published. Required fields are marked *