စတီဗင်ချောင် ရဲ့Kung Fu Hustle 2ရုပ်ရှင် မကြာခင် လာတော့မယ်

Posted on

စတီဗင်ချောင်ရဲ့ ပရိသတ်တွေအတွက်တော့ “Kung Fu Hustle” ဆိုတာ တကူးတက ရှင်းပြနေရမယ့် ဇာတ်ကားမျိုးမဟုတ်ပါဘူး။ သိုင်းကားကြိုက်သူတွေရော၊ ဟာသကားပရိသတ်တွေပါ တမ်းတမ်းစွဲဖြစ်ခဲ့ကြရတဲ့ “Kung Fu Hustle” ဟာ ဘယ်အချိန်ပဲကြည့်ကြည့် ရိုးမသွားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပြီး အဲဒီထဲက ဇာတ်ကွက်တွေကို အများစုက သတိတရ ရှိနေကြတာပါ။


အခုလည်း အဲဒီ “Kung Fu Hustle” ရဲ့အဆက်ဖြစ်တဲ့ “Kung Fu Hustle 2” ကို ရိုက်ကူးဖို့ စီစဉ်နေပြီဖြစ်ပြီး ဇာတ်လိုက်ကျော်ကြီး စတီဗင်ချောင် ကတော့ ဒီကားမှာ ဒါရိုက်တာအဖြစ် ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။အသက် (၅၇)နှစ် ရှိပြီဖြစ်တဲ့ စတီဗင်ချောင် က ဒီကားကို ကိုယ်တိုင်ရိုက်ကူးသွားဖို့ စီစဉ်ထားတယ်လို့ ပရိသတ်တွေနဲ့ အင်တာဗျူး ကဏ္ဍတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။ချဲထီပေါက်စေတယ်ဆိုပြီး ထိုင်းမှာ ပူဇော်ပသခံနေရတဲ့ ခေါင်းနှစ်လုံးနဲ့ ဝက်ကလေးKung Fu Hustle” ရုပ်ရှင်ကိုပဲ အခြေခံပြီး ရိုက်ကူးမယ့် “Kung Fu Hustle 2” ဟာ နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ သွားရောက် ရိုက်ကူးမယ့်ကားဖြစ်ပြီး မော်ဒန်ကွန်ဖူးရုပ်ရှင်တွေရဲ့ ပုံသဏ္ဍန်ကို ပေါ်လွင်အောင် ပြသသွားမှာဖြစ်တယ်လို့ စတီဗင်ချောင်က ဆိုပါတယ်။


Kung Fu Hustle” ရုပ်ရှင်ထွက်ရှိခဲ့တာဟာ (၁၅)နှစ်ကြာသွားခဲ့ပြီ ဖြစ်ပေမယ့် ပရိသတ်တွေစိတ်ထဲမှာ ရှိနေကြဆဲဖြစ်လို့ Kung Fu Hustle 2” ကို ဆက်လက်ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့တာလို့ ဂွမ်ဇူးမြို့မှာ ကျင်းပတဲ့ ပရိသတ်နဲ့ တွေ့ဆုံပွဲမှာ စတီဗင်ချောင်က ဖြေခဲ့တာပါ။(၂၀၀၈)ခုနှစ်က စလို့ ရုပ်ရှင်ကားတွေမှာ သရုပ်ဆောင်မှုကို အနားယူခဲ့ပြီး ထုတ်လုပ်သူ၊ ဒါရိုက်တာ တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့တဲ့ စတီဗင်ချောင်ဟာ (၂၀၂၀)ခုနှစ်အတွင်းမှာ “The Mermaid 2” ရုပ်ရှင်ကို အပြီးသတ် ရိုက်ကူးဖို့ရှိနေပြီး အဲဒီ ရုပ်ရှင်အပြီးမှာပဲ “Kung Fu Hustle 2” ကို စတင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *