အလှမယ်တစ်ဦးနေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိခဲ့တဲ့ အလှမယ် မင်းသ ချောလေး ခင်ဝင့်ဝါကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီဖြစ်ပြီး၊ အောင် မြင် မှုတွေများစွာ ရရှိနေပြီပဲ ဖြစ်ပါတယ်။ ခင်ဝင့်ဝါကလည်း ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ အ နု ပညာလှုပ်ရှားမှုတွေကို ချပြဖို့ ကြိုးစားနေသလို ပရိသတ်တွေကလည်း ခင်ဝင့်ဝါရဲ့ အနုပညာ လှုပ် ရှားမှု မှန်သမျှကို စိတ်ဝင်တစားနဲ့ အားပေးနေကြလျက်ရှိပါတယ်။
စိတ်ထားကောင်းပြီး စေတနာလည်းကောင်းတဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါက ဒီတစ်ခေါက်မှာ တော့ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ အင်္ဂလိပ်စာဆရာကြီးအတွက် ငွေကျပ် (၁) သိန်း လှူဒါန်းပြီး ကုသိုလ်ယူခဲ့တယ်လို့ YH Photography ရဲ့ ကိုရဲဟိန်းက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက် နှာ ကနေ အသိပေးထားတာပဲ ဖြစ်ပါတယ်။
ခင်ဝင့်ဝါကတော့ သူတစ်ပါးကို ကူညီချင်စိတ်အပြည့်ရှိပြီး အဆင်းရော အချင်းပါ ပြည့်စုံသူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခင်ဝင့်ဝါရဲ့ ကုသိုလ်အတွက် သာဓုခေါ်ဆိုပေး ကြ ပါဦးနော်။