စာမေးပွဲဖြေကြတော့မယ့်သူလေးတွေအတွက် သတိတရနဲ့ဆုတောင်းပေးခဲ့တဲ့ မင်းသားချောဒေါင်း

Posted on

နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်မင်းသားတစ်လက် ဖြစ်တဲ့ဒေါင်းကတော့ အနုပညာလောကမှာ အချိန်တိုအတွင်း အောင်မြင်မှုတွေကို ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ဒေါင်းရဲ့စူးရှရှအကြည့်တွေ အပြုံးတွေကြောင့် နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်ရသလို ကဗျာတွေစာတွေရေးတာဝါသနာပါတဲ့ မင်းသားလည်း ဖြစ်ပါတယ်။

ဒေါင်းကတော့ လက်ရှိအချိန်မှာ ကြော်ငြာ၊Photo ရိုက်တာနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေကို အဆက်မပြတ်ရိုက်ကူးနေရတာလည်းဖြစ်ပါတယ်။ဒေါာင်းဟာ ဇာတ်ရုပ်တိုင်းကိုပီပီပြင်ပြင်ကြိုးစားသရုပ်ဆောင်တာကြောင့် နာမည်ကြီးသလို အခုနှစ်အတွက် အကယ်ဒမီပေးပွဲမှာလည်း ပရိသတ်တွေရင်ခုန်ခွင့်ရှိနေတဲ့ မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။

ဒေါင်းကတော့ စာမေးပွဲတွေဖြေဆိုကြတော့မယ့် သူတွေအတွက် သတိတရနဲ့ ဆုတောင်းပေးလိုက်ပါတယ်။သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “စာမေးပွဲဖြေဖို့ နီးလာတဲ့ ညီလေးညီမလေးတွေအားလုံး အကောင်းဆုံးဖြေနိုင်ကြပါစေ” လို့ ရေးသားထားတာပါ။ပရိသတ်တွေကတော့ အခုလိုမျိုးစိတ်ထားကောင်းတဲ့ဒေါင်းရဲ့ အပြုအမူလေးတွေကြောင့် အချစ်ပိုနေတာလည်း ဖြစ်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *