စားသုံးကုန်ခြောက်တွေ အဆမတန်ဝယ်ယူနေတဲ့ပြည်သူတွေကို စေတနာသတိပေးစကားလေးပြောလိုက်တဲ့ အေးမြတ်သူ

Posted on

မနေ့က မတ်လ (၁၂) ရက်နေ့မှာတော့ WHO က Coron Virus ကို Pandemic (ကပ်ရောဂါ) အဖြစ် ကြေညာခဲ့ပြီးနောက် ကောလဟာလသတင်းတွေ ဆက်တိုက်ဆိုသလို ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။ အချို့သော ပြည်သူတွေက စိုးရိမ်ပူပန်စွာနဲ့ ကုန်ခြောက်ပစ္စည်းတွေကို အများအပြားဝယ်ယူရာမှာ စူပါမားကတ်တွေမှာ ပစ္စည်းတွေ ပြတ်တောက်တဲ့အထိကို ဖြစ်ခဲ့ပါတယ်။ အဲ့လို ပစ္စည်းတွေအများအပြားဝယ်ယူတဲ့အကြောင်းနဲ့ ပက်သတ်ပြီး နိုင်ငံကျော် အနုပညာရှင် အကယ်ဒမီအေးမြတ်သူက အခုလို သတိပေးစကားလေး ဆိုလာပါတယ်။

ကျန်းမာရေးအသိနဲ့သတိလေးရှိဖို့သာပြောတာပါ။ မလိုအပ်ဘဲနဲ့ စားသုံးကုန်အခြောက်တွေအများကြီးမဝယ်ကြပါနဲ့နော်။ ပစ္စည်းတွေပျက်လို့ ဈေးတွေမတန်မဆကြီးသွားရင် ထိခိုက်မှာက မမြတ်လေးတို့လိုစားသုံးသူပြည်သူတွေကိုယ်ကိုတိုင်ပါ။ စဉ်းစားဆင်ခြင်ညဏ် လေးနဲ့ ထိန်းသိမ်းနိုင်ကြပါစေရှင်။ ကာလဟာလကြောင့် ပြည်မပျက်ပါစေနဲ့‼‼‼” ဆိုပြီး စေတနာစကားလေး ဆိုထားပါတယ်။

ကုန်ဈေးနှုန်းတွေ ဆက်တိုက်တက်လာရင် ထိခိုက်မှာက ပြည်သူတွေပဲမို့ အေးမြတ်သူပြောတာ မှန်ကန်ပါတယ်။ ပရိသတ်ကြီးလည်း ကျန်းမာရေးအသိရှိရှိ နေထိုင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *