စိတ်ကျရောဂါကြောင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြတဲ့ ကိုရီးယားအနုပညာကြယ်ပွင့်များ

Posted on

ယနေ့ခေတ်ကာလအချိန်မှာ စိတ်ကျရောဂါကြောင့် မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ကြတဲ့သူတွေဆိုတာ အများအပြားပါ။ ထိုသို့အဆုံးစီရင်ခဲ့ကြသူတွေထဲမှာ ကိုရီးယားအနုပညာရှင်တွေလည်း အပါအ၀င်ဖြစ်ပါတယ်။ ဒီလိုမျိုးအဆုံးစီရင်မှုတွေကို သနားကြတဲ့သူတွေ၊ နားလည်ကြတဲ့သူတွေရှိသလို အပြစ်တင်ဝေဖန်တတ်သူတွေလည်း ရှိတတ်ကြပါတယ်။ ဘယ်လိုသောအကြောင်းကြောင့် ဘ၀တွေကို ဒီလိုအဖြစ်ဆိုးတွေနဲ့အဆုံးသတ်ကြတယ်ဆိုတာကိုတော့ ကာယကံရှင်တွေသာ အသိဆုံးဖြစ်မှာပါ။ ဒီလိုဆိုရင် တောင်ကိုရီးယားနိုင်ငံရဲ့ ဘယ်အနုပညာရှင်ငွေကြယ်ပွင့်တွေက စိတ်ကျရောဂါကြောင့် သူတို့ကိုယ်သူတို့ အဆုံးစီရင်သွားခဲ့ကြသလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1) Lee Eun Joo (1980 – 2005)

မင်းသမီး Lee Eun Joo ဟာ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ လက်ကောက်ဝတ်တွေကိုဖြတ်ပြီး ကိုယ်တိုင်အဆုံးစီရင်ခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ သူမရဲ့အသက်ဟာ ၂၄ နှစ်သာရှိသေးပြီး မိသားစုဝင်တွေကတော့ စိတ်ကျရောဂါကြောင့် အဆုံးစီရင်ခဲ့တာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ စိတ်ကျရောဂါရခဲ့တဲ့ အကြောင်းအရင်းကတော့ သူမ ရိုက်ကူးခဲ့တဲ့ Scarlet Letter 3 ဇာတ်ကားထဲကအဖော်အချွတ်ပါတဲ့ ဇာတ်ဝင်ခန်းနဲ့ပတ်သတ်ပြီး ဝေဖန်ပြောဆိုအပြစ်တင်မှုတွေများစွာကို ရရှိခဲ့တာကြောင့် ဖြစ်ပါတယ်။

“မေမေ ကျွန်မတောင်းပန်ပါတယ် ချစ်လည်းချစ်ပါတယ်”ဆိုတဲ့ Suicide Note ကို သွေးနဲ့ကြမ်းပြင်မှာ ရေးခဲ့ပြီး နောက်ထပ် Suicide Note တစ်ခုမှာလည်း “ငါ လုပ်ချင်တာတွေ အများကြီးရှိတယ်၊ အသက်ရှူနေရပေမယ့်လည်း အသက်မရှိတော့သလိုမျိုးပါပဲ၊ တခြားသူတွေကိုလည်း စိတ်မပျက်စေချင်တော့ဘူး၊ ပိုက်ဆံရှိတာကောင်းတယ်ဆိုလို့လည်း ပိုက်ဆံရအောင် အလုပ်တွေအများကြီးလုပ်ခဲ့ပြီးပြီ” ဆိုပြီး ရေးသားထားခဲ့ပါတယ်။

2) U;Nee (1981 – 2007)

အဆိုတော်၊ သရုပ်ဆောင်၊ Rapper၊ Dancer တစ်ဦးဖြစ်တဲ့ U;Nee ကတော့ စိတ်ဓာတ်ကျမှုနဲ့ စိတ်ဖိစီးမှုတွေကြောင့် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့တုန်းက သူမရဲ့နေအိမ်မှာ အဆုံးစီရင်ခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် ၂၅ နှစ် ရှိပြီဖြစ်ပြီး Suicide Note ချန်ရစ်ထားခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့် Website တစ်ခုမှာတော့ သူမ အထီးကျန်ဆန်လွန်းနေတဲ့အကြောင်းကို “အရာအားလုံးက လစ်ဟာနေသလိုခံစားနေရပြီး ဦးတည်ရာမရှိတဲ့လမ်းကျဉ်းလေးထဲမှာ လျှောက်လှမ်းနေရသလိုမျိုးပဲ” ဆိုတဲ့စာနဲ့ဖော်ပြခဲ့ပါတယ်။ စိတ်ကျဝေဒနာကို ရရှိခဲ့တဲ့အကြောင်းအရင်းကတော့ ပလတ်စတစ်ဆာဂျရီလုပ်ခဲ့တဲ့ကောလဟာလတွေနဲ့ပတ်သတ်ပြီး အွန်လိုင်းအသုံးပြုသူတွေဆီကနေ ဝေဖန်တိုက်ခိုက်ခံခဲ့ရတာကြောင့်ပါပဲ။

3) Jeong Da Bin (1980 – 2007)

Rooftop Cat (ခေါင်မိုးပေါ်ကကြောင်ကလေး) ဇာတ်လမ်းတွဲရဲ့ ခေါင်းဆောင်မင်းသမီးဖြစ်သူ Jeong Da Bin ကတော့ သူမရဲ့ချစ်သူနေထိုင်ရာ တိုက်ခန်းရဲ့ရေချိုးခန်းထဲမှာ သူမကိုယ်တိုင်အဆုံးစီရင်ခဲ့တာဖြစ်ပါတယ်။ Jeong Da Bin ဟာ သူမကိုအလုပ်ကမ်းလှမ်းမှုများမရှိခြင်း၊ သူမရဲ့မန်နေဂျာဖြစ်သူထောင်ကျခြင်း၊ သူမရဲ့ရုပ်သွင်ကို အွန်လိုင်းမှတဆင့် လှောင်ပြောင်ကဲ့ရီဝေဖန်တိုက်ခိုက်ကြခြင်းတို့ကြောင့် စိတ်ကျဝေဒနာခံစားနေရသူဖြစ်တယ်ဆိုတာကို သူမရဲ့ချစ်သူက ဖွင့်ဟပြောပြခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာတော့ သူမရဲ့အသက်ဟာ ၂၆ နှစ်အရွယ်သာရှိသေးပြီး U;Nee ကွယ်လွန်ချိန်နဲ့ ၁ လမျှသာ ကွာတယ်လို့ သိရပါတယ်။

4) Choi Jin Sil (1968 – 2008)

Nation’s Actress လို့ သတ်မှတ်တင်စားခေါ်ကြတဲ့ Choi Jin Shi ဟာ ရုပ်ရှင်ကားပေါင်း (၁၈) ကား နဲ့ ဇာတ်လမ်းတွဲပေါင်း (၂၀) ကျော်တို့မှာ ခေါင်းဆောင်မင်းသမီးအဖြစ်ရိုက်ကူးခဲ့တဲ့သူပါ။ သူမကတော့ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တုန်းက ဆိုးလ်မြို့ရှိ သူမရဲ့နေအိမ်မှာ သူမကိုယ်သူမ အဆုံးစီရင်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၃၉ နှစ်ရှိနေပါပြီ။ သူမရဲ့မန်နေဂျာကတော့ သူမထက်အရင်သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ထပ်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ခင်ပွန်းဖြစ်သူက သူမကို ရိုင်းပျစွာပြောဆိုဆက်ဆံတာကြောင့် ကွာရှင်းခွင့်ကို လျှောက်ထားတဲ့အခါ လူတွေကြားမှာ ပြောစရာတစ်ခုဖြစ်လာခဲ့ပြီး ရလဒ်အနေနဲ့ သူမကိုပေးထားတဲ့ Sponcer တွေကို ဆုံးရှုံးလိုက်ရပါတယ်။ သူမရဲ့သူငယ်ချင်းဖြစ်သူ Ahn Jae Hwan က သူ့ကိုယ်သူ အဆုံးစီရင်လိုက်တဲ့အခါမှာလည်း သူမကို ထိုကိစ္စထဲ ဆွဲသွင်းကာ အပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

သူမကွယ်လွန်ပြီး ၁ နှစ်ခွဲခန့်အကြာမှာ သူမရဲ့မောင်ဖြစ်သူ Choi Jin Young ကလည်း သူ့ကိုယ်သူ အဆုံးစီရင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ သူမရဲ့ခင်ပွန်းဟောင်းက သူ့ချစ်သူမိန်းကလေးရဲ့တိုက်ခန်းမှာ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တာဖြစ်ပါတယ်။ ကျိန်စာသင့်နေသလားလို့တောင် ထင်မှတ်ရပါတယ်နော်။

5) Daul Kim (1989 – 2009)

မော်ဒယ်၊ ပန်းချီဆရာမနဲ့ ဘလော့ဒ်ကာ တစ်ယောက်ဖြစ်သူ Kim Dual ကတော့ ပဲရစ်ရှိ သူမရဲ့နေအိမ်မှာ အဆုံးစီရင်ခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် ၂၀ ခန့်သာ ရှိပါသေးပြီး အထီးကျန်ခြင်း၊ အိပ်မပျော်ခြင်းနဲ့ စိတ်ကျခြင်းတို့က အဆုံးစီရင်ခြင်းရဲ့ အကြောင်းအရင်းတစ်ခုဖြစ်ခဲ့ပါတယ်။

6) Jang Ja Yeon (1980 – 2009)

F4 ချစ်သူ ဇာတ်လမ်းတွဲထဲက ဂင်ဂျန်ဒီကို အနိုင်ကျင့်တဲ့ မိန်းကလေး ၃ ယောက်ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲဒီ မိန်းကလေး ၃ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Jang Ja Yeon ဟာဆိုရင် သူမ အသက် ၂၉ နှစ်အရွယ်တုန်းက သူမမိဘတွေရဲ့ နေအိမ်မှာ သူမကိုယ်သူမ အဆုံးစီရင်ခဲ့ပါတယ်။ Suicide Note ထဲမှာ ရေးသားထားခဲ့တဲ့ သူမရဲ့ အေဂျင်စီက သူမအပေါ်ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း၊ အနုပညာနယ်ပယ်ထဲမှ လူကြီးအချို့ရဲ့ ကာယအိနြေ္ဒပျက်ပြားအောင် စော်ကားခြင်းကိုခံခဲ့ရခြင်းကို ကြည့်ခြင်းအားဖြင့် စိတ်ကျဝေဒနာခံစားခဲ့ရကြောင်းကို သိနိုင်ပါတယ်။

7) Kim Jonghyun (1990 – 2017)

အသက် ၁၉ နှစ်အရွယ်နဲ့ စတင်ပွဲထွက်ခဲ့တဲ့ Jonghyun ဟာဆိုရင်လည်း စိတ်ကျဝေဒနာကြောင့် လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ဆိုးလ်မြို့ရှိ သူ ငှားရမ်းခဲ့တဲ့တိုက်ခန်းတစ်ခန်းမှာ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ သူ့ရဲ့ အသက်ဟာ ၂၇ နှစ်အရွယ်သာရှိသေးတဲ့အပြင် အနုပညာပါရမီထူးချွန်လွန်းတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေမှာ ယူကြုံးမရဖြစ်ခဲ့ကြရပါတယ်။ဒီနေ့ဒီချိန်ထိသတိရနေပါတယ် သည်းငယ်ရေ ကောင်းတဲ့နေရာမှာရှိနေတယ်မဟုတ်လား မင်လေးကိုဆုံးရှုံးခဲ့ရတာအိမ်မက်တခုလိုပါပဲ ဒီနေ့ ထိမင်းလေးအသံ မင်းလေးပုံရိပ် မင်းလေးနဲ့ ပက်သက်သမျှတွေကိုကြည့်ပီးငိုနေရတုန်းပဲသည်းငယ်ရေ

8) Jeon Tae Soo (1984 – 2018)

နာမည်ကြီးမင်းသမီး Ha Ji Won ရဲ့ မောင်ဖြစ်သူ သရုပ်ဆောင် Jeon Tae Soo ဟာဆိုရင်လည်း စိတ်ကျဝေဒနာကြောင့် နေအိမ်ရှိသူ့ရဲ့ တိုက်ခန်းမှာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက အဆုံးစီရင်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်အချိန်မှာတော့ အသက် ၃၄ နှစ်အရွယ်ရှိနေပြီ ဖြစ်ပါတယ်။Tae Sooရေ နေရာသစ်မှာပျော်နေတယ်ဟုတ် အဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်ကွာ အချိန်တွေကုန်တာကမြန်လိုက်တာနော်

9) Jeon Mi Seon (1970 – 2019)

မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားမင်းသမီးကြီးတစ်လက်ဖြစ်တဲ့ Jeon Mi Seon ကတော့ ပြီးခဲ့တဲ့လပိုင်းတုန်းက ဟိုတယ်တစ်ခုရှိ အခန်းတစ်ခန်းမှာ သူမကိုယ်သူမ အဆုံးစီရင်သွားခဲ့တာဖြစ်ကာ အေဂျင်စီရဲ့ အတည်ပြုထုတ်ပြန်ချက်အရတော့ သူမဟာ စိတ်ကျဝေဒနာကို ကာလအတန်ကြာ ခံစားနေခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

10) Choi Sulli (1994 – 2019)

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့တုန်းက သူမရဲ့ နေအိမ်တိုက်ခန်းမှာ မိမိကိုယ်ကိုအဆုံးစီရင်ပြီး ဘ၀တစ်ပါးဆီသို့ပြောင်းရွှေ့ကွယ်လွန်သွားခဲ့တဲ့ f(x) ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်သူ Sulli ဟာဆိုရင်လည်း စိတ်ကျရောဂါကို အချိန်တစ်ခုအကြာ ခံစားနေခဲ့ရတာဖြစ်ပါတယ်။ စိတ်ကျဝေဒနာခံစားနေခဲ့ရကြောင်းကို သူမကိုယ်တိုင်လည်း တီဗွီအစီအစဉ်တွေမှာ ဖွင့်ဟပြောခဲ့ဖူးပါတယ်။တနေ့ နေ့ ပေါ့Sulliရေတို့တွေ ပြန်ဆုံကြတာပေါ့ကွယ်