စိတ်တည်ငြိမ်သွားတဲ့အချိန်ကျရင် ပရိသတ်သိချင်တဲ့အကြောင်းအရာတွေပြောပြမယ်ဆိုတဲ့ ရေဗက္ကာဝင်း

Posted on

အရာအားလုံးကိုပြောပြလေ့မရှိပေမဲ့ စိတ်တည်ငြိမ်သွားချိန်ကျရင်တော့ ပရိသတ်သိချင်နေတဲ့ အကြောင်းအရာအားလုံးကိုပြောပြမယ်လို့ ရေဗက္ကာဝင်းက ပြောပါတယ်။ရန်ကုန်မြို့၊ Pan Pacific Hotel မှာ ဖေဖော်ဝါရီလ (၁၇) ရက်ကကျင်းပခဲ့တဲ့ “ရွှေမိုက်ခဲ” သီချင်းဆိုပြိုင်ပွဲ စာနယ်ဇင်းမိတ်ဆက်ပွဲမှာ အခုလိုပြောပြခဲ့တာဖြစ်ပါတယ်။

“တကယ်တော့ ပရိသတ်တွေကိုပွင့်ပွင့်လင်းလင်းနဲ့အမှန်အတိုင်းပြောပြချင်ပါတယ်။ အစ်မရဲ့ပုံစံကိုက ရှိသမျှအကြောင်းအရာအားလုံးကို မပြောပြတက်ဘူးပေါ့နော်။ အဓိကကတော့ အဲဒီလိုမျိုးပြောပြတက်တဲ့ပုံစံမျိုးမဟုတ်တဲ့အတွက်ကြောင့်ပါ။ ပရိသတ်ကလည်းသိချင်၊ အစ်မကလည်း မပြောပြတတ်နဲ့နားလည်မှုလွဲနိုင်စရာအကြောင်းတော့ရှိတာပေါ့။ စိတ်အခြေအနေတွေ အားလုံးသေသေချာချာတည်ငြိမ်သွားပြီဆိုတဲ့အခါကျရင်တော့ပြောပြဖြစ်မှာပါ”လို့ တေးသံရှင် ရေဗက္ကာဝင်းက ပြောပြပါတယ်။

လက်ရှိမှာတော့ သူမအနေနဲ့ တစ်ယောက်တည်းဆိုတဲ့အခြေအနေကိုဖြတ်သန်းနေတာ ၃ လ ရှိနေပြီဖြစ်ပါတယ်။ သူမဟာ ဇန်န၀ါရီလ(၁၅)ရက်နေ့မှာ “ချစ်တာပါပဲ” ဆိုတဲ့ Single Song ကို တေးသံသာကနေ ထွက်ရှိထားတာဖြစ်ပြီးတစ်ကိုယ်တော်အခွေထွက်နိုင်ဖို့လည်း ကြိုးစားနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *