စိတ်တိုလွန်းလို့  ထမင်းစားချိန်မှာ မစားဘဲရေးခဲ့တဲ့ မြန်မာ သူနာပြု ဆရာမလေးရဲ့  စာတစ်စောင်

Posted on

ဒီ လူနာ က New York က လူနာပါ။ စာကို သေချာဖတ်ပြီးမှ ကိုယ့် ဦးနှောက် အဆင့်အတန်းကို ဝင်ပြကြပါ။ဒီ လူနာကို ကျွန်မ ပြုစုကုသပေးနေခဲ့ပါတယ်။လူနာက အသက် ၄၉ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး အသက် ၆ နှစ်နဲ့ ၁၀ နှစ် အရွယ်ကလေးလေး ၂ ယောက် ကျန်ခဲ့ပါတယ်။ ဘာရောဂါ အခံမှ မရှိပါဘူး။ အရက်မသောက် ဆေးလိပ်မသောက်တဲ့ အိမ်ထောင်ရှင်မ အာရှသူပါ။ သူ စရောက်တည်းက သူ့အဆုတ်က အခြေအနေ မတိုးတက်လာပါဘူး။ အသက်ရှူစက်ပေါ်တင်တယ်။ Prone Position လို့ခေါ်တဲ့ မှောက်ရက်ထားပြီး ကုသတယ်။ရှိသမျှဆေးတွေ ပေးတယ်။ ဒါပေမယ့် သူ့အခြေအနေက ပိုပြီးပဲဆိုးဝါးလာတယ်။ ဧည့်သည်လာခွင့်မရှိလို့ ကျွန်မရဲ့ဖုန်း FaceTime နဲ့ သူ့မိသားစုကို လွန်ခဲ့တဲ့ တပတ်က ခေါ်ပြတော့ ကလေးလေးတွေက “မေမေ .. မေမေ .. အိမ်ပြန်လာခဲ့တော့” လို့ ဝိုင်းအော်တော့ သူ့တို့ဘေးမှာ ရှိတဲ့ သူတို့ အဖေရော ကျွန်မရော မျက်ရည် မဆယ်နိုင်အောင်ဖြစ်ရပါတယ်။

ဒီနေ့ မနက် ၈:၁၀ မိနစ်ကနေ ၈:၁၅ မိနစ် – ၅ မိနစ်အတွင်းမှာကို နှလုံးခုန်နှုန်းရပ်ပြီး ကွယ်လွန်ခဲ့တယ်။ ဒီလူနာက ကျွန်မ ပြုစုခဲ့တဲ့ COVID နဲ့သေတဲ့လူနာတွေထဲမှာ အငယ်ဆုံးပါ။ ကျွန်မ ဘယ်လောက်ခံစားရလဲဆိုတာ ကျွန်မပဲသိပါတယ်။ သူ့ အမျိုးသား လာကြည့်လို့ အခန်းထဲကို ခေါ်ပြရတော့(သေဆုံးသူရဲ့ အနီးဆုံးဆွေမျိုး တစ်ယောက်ကို PPE အပြည့်အစုံပေးပြီး ၁၀ မိနစ် ဝင်ခွင့်ပေးပါတယ်) သူ့ အမျိုးသားနဲ့ အတူ ကျွန်မပါ ရောငိုရပါတယ်။

ဒီကိစ္စကို လူတွေသိစေချင်လို့ရေးလိုက်တယ်။ရောဂါ အခံမရှိလည်း သေနိုင်တယ် ဆိုတာ သိစေချင်တယ်။ ထူပူပြီး ငိုနေတုနိးရေးလိုက်တဲ့ စတေးတပ်မှာ နိုင်ငံထည့်ရေးဖို့ ကျန်ခဲ့တယ်။ အဲ့ဒါကို အောက်ကနေ ဘုမသိ ဘမသိ ဝင်ဆဲကြတယ်။ကျွန်မ နားမလည်တာက ကိုယ့်ဦးလေး အရွယ် အဒေါ်အရွယ် တွေကစပြီး ဖေတွေ မောင်တွေနဲ့ ကိုင်တုတ်နေတာ လူငယ်တွေက ရိုင်း၂ စိုင်းစိုင်းဆဲနေတာ တွေ့ရတော့ တော်တော် အံ့ဩမိတယ်။

ကျွန်မမှာ ဦးနှောက်ရှိတယ်ဘယ် မန့်က စေတနာနဲ့ ရေးတယ် ဘယ်မန့်က တမင်လာဆဲတယ်ဆိုတာ ခွဲခြားတတ်တယ်။ ဦးနှောက်မရှိတဲ့သူတွေဟာ ဆဲရေးတိုင်းထွာဖို့ပဲ သိကြတယ်။သက်သေ နဲ့ တကွ တင်ဆိုတဲ့ ငတုံးတွေက ရှိသေးတယ်။ ဒီမှာ Patient Privacy တွေ HIPPA Law တွေရှိတယ်။ လူနာရဲ့ ပုံတွေ အကြောင်းအရာ အသေးစိတ်ကို လူနာရဲ့ခွင့်ပြုချက်မရပဲ တင်လို့မရပါဘူး။ တရားစွဲခံရပါတယ်။ မြန်မာနိုင်ငံက ကျန်းမာရေးစနစ်က လူနာကိုလည်း မကာကွယ်ဘူး ကျန်းမာရေးဝန်ထမ်းကိုဘည်း မကာကွယိပေးတဲ့ စနစ်ပါ။နောက်တစ်ယောက်က ကျွန်မကို နိုင်ငံခြားမှာ ကျွန်ခံနေတယ်တဲ့။ ကျွန်မက ပညာတတ် ကိုယ့်ပညာနဲ့ ကိုယ်ဂုဏ်ယူစွာ လုပ်ကိုင်စားသောက်တာ ကျွန် တဲ့လား။ သူနာပြု အလုပ်ဆိုတာ Noble Profession ပါ။ ကျွန်မကတော့ ဂုဏ်ယူတယ်။

Like လိုချင်လို့ Attetion လိုချင်လို့ဆိုတဲ့ သူတွေကိုလည်း ပြောလိုက်ဦးမယ်။ Facebook ဆိုတာ ဘဝကြီး ထင်နေတဲ့သူတွေထဲမှာ ကျွန်မ မပါဘူး။ ကျွန်မ Cele လည်း မဟုတ်ဘူး။ Like ရ/မရ ကျွန်မ ဂရုမစိုက်ဘူး။ လူဆိုတာ ကိုယ်စဉ်းစားနိုင်သမျှ ကိုယ်တွေးခေါ်န်ုင်သမျှပဲ ပြောတယ် ဆိုတာ သိပ်မှန်တယ်။ဒီလောက်ပါပဲ။ ဒီအချိန်ကစပြီး ကျွန်မ COVID အကြောင်း မပြောတော့ပါဘူး။ နောက်ဆို Friends Only ပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *