စိုင်းစိုင်းကို အမြဲတမ်း ချစ်နေလို့ရအောင် အိမ်ထောင် မပြုစေချင်ဘူးဆိုတဲ့ အေးမြတ်သူ

Posted on

အေးမြတ်သူဟာဆိုရင် ချစ်စရာပါးချိုင့်လေးနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကိုဖမ်းစားထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ပုရိသတွေအသည်းစွဲကြွေရတဲ့ အပျိုကြီးမမလည်းဖြစ်ပါတယ်။ အေးမြတ်သူက အပျိုကြီးဘဝနဲ့ပဲ စိတ်ချမ်းသာပျော်ရွှင်နေပြီး အချစ်ရေးကိုတော့ ပရိသတ်တွေကို ချပြခြင်းမရှိသေးပါဘူး။ အေးမြတ်သူက စိုင်းစိုင်းနဲ့ ရုပ်ရှင်တွေအတူရိုက်ခဲ့ဖူးပြီး စိုင်းစိုင်းရဲ့ ပရိသတ်တစ်ယောက်လို့လည်း သိရပါတယ်။အေးမြတ်သူက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ စိုင်းစိုင်းကို အိမ်ထောင်မပြုစေချင်ဘူးလို့ ပြောပြသွားခဲ့ပါတယ်။

အေးမြတ်သူက စိုင်းစိုင်းနဲ့ ငယ်ငယ်ကတည်းက မစိမ်းခဲ့ကြောင်း “အေးမြတ်သူက ကိုစိုင်းနဲ့ video ကားတွေဘာတွေရိုက်ဖူးပါတယ်ရှင့်။အဲ့ဒီတုန်းကဆို ဦးမျိုးမင်းရိုက်တာရှင့် အဲဒီတုန်းကဆို Awn Seng တောင်ပါတယ်။ အဲဒီတုန်းက အိချောပိုလည်းပါတယ်။ မင်းသမီးတွေအများကြီးနဲ့အဲ့လိုပဲ ရိုက်ခဲ့ဖူးတယ်။ ပြီးတော့ ကိုစိုင်းအခုရိုက်တဲ့ ကားကြီးမှာလည်း အေးမြတ်သူ တစ်ခန်းကဏ္ဍကနေ ပါဝင်ထားပါတယ်ရှင့် ဒီ ပိတောက်ကတဲ့ဂီတမှာပေါ့နော်။ အေးမြတ်သူက ငယ်ငယ်တုန်းက ကိုစိုင်းရဲ့ background dancer အဖြစ် ကဖူးတယ်။ အေးမြတ်သူအတွက်က ကိုစိုင်းကအရမ်းကြီးမစိမ်းပါဘူးရှင့် ရင်းနှီးပါတယ်”လို့ ပြောပြထားပါတယ်။အေးမြတ်သူက စိုင်းစိုင်းကို သဘောကျရကြောင်း အားပေးရကြောင်းလည်း “အေးမြတ်သူက ကိုစိုင်းကို သဘောကျတယ်။ ကျတယ်ဆိုတာ လူတွေရဲ့ အာရုံကို သူ့ဆီကိုအပြည့်အဝရောက်အောင်လုပ်နိုင်စွမ်းရှိတဲ့ အနုပညာဂုရုကြီးတစ်ယောက်ပေါ့နော်။ ကိုစိုင်းက ဘယ်လောက်ပဲဝေဖန်တိုက်ခိုက်ခံရခံရ ဘယ်တော့မှ negative ဘက်ကမတွေးဘူး။ ပြန်ရှင်းရင်လည်း Negative ဘက်ကမရှင်းဘူး။ Social မှာဆိုပိုဆိုးတာပေါ့နော်။ ဝေဖန်မှုတွေပိုများတယ်။ အဲဒီအချိန်မှာ အမြဲတမ်းအပြုံးနဲ့ ရယ်စရာလေးတွေဟာသလေးတွေနှောပြီး..အဲဒါကိုအရမ်းသဘောကျတယ်”လို့ ဖြေကြားထားပါတယ်။

စိုင်းစိုင်းကို အမြဲတမ်းချစ်နေလို့ရအောင် အိမ်ထောင်မပြုစေချင်ဘူးလို့လည်း “လူပျိုကြီးဆိုတော့ တူတူပဲလေ။ညဏ်ရည်ထက်မှ လူပျိုကြီး အပျိုကြီးဖြစ်တာ။ အိမ်ထောင်မပြုစေချင်ဘူး။ အစ်မတစ်ယောက်ပြောသလို သူကအများပိုင်နာမ်စားလေ။ ကိုစိုင်းကိုအမြဲတမ်းအများပိုင်နာမ်စားပဲဖြစ်စေချင်တယ်။အမြဲတမ်းချစ်နေလို့ရတယ်လေ။ ဒါ ကိုစိုင်းရဲ့fan တစ်ယောက်အနေနဲ့ပြောတာ။ ကိုစိုင်းကို ဘယ်တော့မှအိမ်ထောင်မပြုစေချင်ဘူး”လို့ ရင်ဖွင့်ထားတာလည်းတွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *