စေတနာကောင်းပြီးကူညီတတ်လွန်းတဲ့ လူပျိုကြီးကိုနေတိုးကို အိမ်တိုင်ရာရောက် ဟော့ပေါ့သွားပို့ခဲ့တဲ့ မိုးမိုး

Posted on

လတ်တလော Covid ကာလတွေမှာ အနုပညာလုပ်ငန်းတွေရပ်နားထားတာကြောင့် မိုးမိုးတို့ ဇနီးမောင်နှံနှစ်ယောက် ဟော့ပေါ့ချက် ရောင်းရင်း အားလုံးရဲ့အားပေးမှုကိုရရှိနေခဲ့ပါတယ်။ ဒီရက်ပိုင်းမှာ မိုးမိုးတစ်ယောက် လူပျိုကြီးကိုနေတိုးရိုက်ပေးထားတဲ့ ပုံလေးတွေကို မကြာခဏ ဆိုသလိုဝေမျှခဲ့ပြီးနောက် ဒီထဲက ပုံရိပ်လေးတစ်ခုကို အရမ်းကိုသဘောကျသွားခဲ့ပြီး နောက်ထွက်မယ့်သီချင်းမှာ အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကိုယ့်ပုံဆိုပေမယ့် ရိုက်ပေးတဲ့ ကိုနေတိုးကိုခွင့်တောင်းတော့ ချက်ချင်းခွင့်ပြုပေးလိုက်တာ ကြောင့် ကျေးဇူးတင်ပြီး ချစ်ဇနီးပီတိရဲ့ လက်ရာကောင်းတဲ့ ဟော့ပေါ့ကို အိမ်တိုင်ရာရောက် သွားပေးခဲ့ပါတယ်။ တစ်ဦးကစေတနာ တစ်ဦးကမေတ္တာဆိုသလို ကိုနေတိုးကလည်း ဒိန်ချဉ်ဗူးလေး လက်ဆောင်ပြန်ပေးခဲ့ပါသေးတယ်။

မိုးမိုးက ဒီအကြောင်းလေးကို ” ဓာတ်ပုံနှင့် ဟော့ပေါ့လဲကြခြင်း သူရိုက်ပေးတဲ့ပုံလေးတွေထဲက တစ်ပုံ အရမ်းမိုက်လို့ အခု တေးသံသာ ကထွက်မယ့်သီချင်းအတွက် သုံးမယ်ဆိုပြီး ခွင့်တောင်းမိ တယ် ချက်ချင်း အသုံးပြုခွင့်ပေးလေတော့ ဝမ်းသာပြီး ချက်ချင်းဆိုသလို ဟော့ပေါ့လေး သွားပို့ပေးလိုက်တယ် ဒိန်ချဉ်လေးတောင် လက်ဆောင်ပြန်ပေးလိုက်သေး မေတ္တာဖြင့် ရိုက်ကူးပေးသော ဓာတ်ပုံအတွက် စေတနာဖြင့် ဟော့ပေါ့လေး ပို့ပေးခြင်းပေါ့လေ တစ်ဦးက မေတ္တာ တစ်ဦးက စေတနာပေါ့ ကျေးဇူး အစ်ကိုရေ ” ဆိုပြီး လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *