ကလေးသရုပ်ဆောင် ဂျူလီယာပါဝါလေးကတော့ လွန်ခဲ့တဲ့ ၇ နှစ် ၈ နှစ်က အောင်မြင်ခဲ့သူလေးဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းကိုရရှိထားသူလေးပါယခုအခါမှာတော့။
ဂျူလီယာပါဝါလေးဟာ ဆယ်တန်းစာမေးပွဲကို လေးဘာသာဂုဏ်ထူးနဲ့အောင်မြင်ခဲ့တယ်လို့ သိရပါတယ် မြန်မာစာ သင်္ချာ ဓာတုဗေဒ ဇီဝဗေဒ ဘာသာရပ်များနဲ့ အောင်မြင်ခဲ့တာဖြစ်ပြီး မန္တလေး မလှိုင်စာစစ်ဌာနကနေ အောင်မြင်ခဲ့တာလို့ သိရပါတယ်။
ဒီအကြောင်းကိုတော့ ဒါရိုက်တာအောင်ဗပါဝါက သူ့ရဲ့ လူမှုကွန်ယက်ကနေမျှဝေလာခဲ့တာဖြစ်ပြီး သူမကို မှတ်မိကြတဲ့ ပရိသတ်တွေကလည်း ချီးကျူးစကားတွေဝိုင်းဝန်းပြောဆိုနေကြပါတယ် ပရိသတ်ကြီးရေ ပရိသတ်ကြီးလည်း ဂျူလီယာပါဝါလေးကို ချစ်သေးတယ်ဆိုရင် ဝိုင်းဝန်းအားပေးခဲ့ကြပါအုန်းနော်။