ဆယ်တန်းအင်္ဂလိပ်စာဖြေမယ့်နေ့က စာအကျက်လွန်ပြီး အိပ်ပျော်သွားခဲ့တဲ့ ကျောင်းသားလေးအတွက် ၀မ်းမြောက်ဖွယ် အလှူရှင်

တက္ကသိုလ် ဝင်တန်း အင်္ဂလိပ်စာဖြေဆိုသည့်နေ့ကစာကျက်လွန်၍ အိမ်တွင်အိပ်ပျော်နေသောကျောင်းသားအား ကျပ်သုံးသိန်းလှူဒါန်

ဒေါပုံမြို့နယ် ယမုံနာ၂ရပ်ကွက် ကမ်းနားလမ်း မ၃၆၃ မှ ကျောင်းသားမောင်သန်းထွေးမှာ တက္ကသိုလ်တန်း ဝင်စာမေးပွဲဖြေဆိုသည်မှာမှန်ကန်ပါသည်

မိဘ၂ပါးမရှိတော့သည်မှာလည်း မှန်ကန်ပါသဖြင့် ကလေးအား အားပေးစကားများပြောဆိုသည့်အပြင် တာချီလိတ်နေ ဦးဇော်လေး ဒေါ်ရှားရှား မိသားစုတို့မှကျောင်းသားလေး မောင်သန်းထွေး လိုအပ်ရာ သုံးစွဲနိုင်ရန် ငွေကျပ် သုံးသိန်း (၃၀၀၀၀၀)ကျပ် အား ဦးဇော်လေး ဒေါ်ရှားရှား မိသားစုကိုယ်စား လှူဒါန်းခဲ့ပါသည်။

(အားပေးစကားပြောချိန်နှင့်ငွေကျပ်လှူဒါန်းချိန်မှာ ကလေးငိုနေ၍ မချိအောင် ခံစားခဲ့ရပါတယ်ဗျာ😭😭😭)

Credit to Aung Tin Win

ယခင်ကတင်ခဲ့သော သတင်း

မောင်သန်းထွေး အောင်မြင်ပါစေ

– ၇.၃.၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲဒုတိယနေ့

– အ.ထ.က (၁) ဒေါပုံမှ ကျောင်းသားတဦး စာမေးပွဲဖြေဆိုချိန်အထိ စာဖြေခန်းတဲ့ ရောက်မလာခဲ့ချေ

– ကျောင်းမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်အကြောင်းကြားချိန်မှာတော့ မနက် ၃ နာရီအထိ စာကြည့်ခဲ့တဲ့ မောင်သန်းထွေးတယောက် အိပ်ပျော်နေဆဲ

– မောင်သန်းထွေး စာမေးပွဲနဲ့မလွဲချော်စေဖို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က မီးတန်းယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြသည်

– မောင်သန်းထွေးရဲ့ မိဘ ၂ ပါးစလုံးဟာ ဆုံးပါးသွားပြီးဖြစ်ပြီး တကိုယ်တည်း နေထိုင်သူဖြစ်ပါတယ်

– တခါတရံ ညပိုင်းမှာ ဆိုက်ကားနင်းပြီး ၀င်ငွေရှာဖွေသူဖြစ်ပေမယ့် ၉ တန်းမှာ ဒုတိယဆုရခဲ့သူဖြစ်ပါတယ်။

သူ့အကြောင်း ကို မေးမြန်းကြည့်တဲ့ အခါမှာ ခုလို ဖြေကြားခဲ့ပါတယ်. ..

Video ကြည့်ရန်

ဘ၀ကို ရဲရဲရင်ဆိုင်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အသိစိတ်ဓာတ်ရှိရှိ ကြိုးစားနေတဲ့ မောင်သန်းထွေးလေး အောင်မြင်ပါစေ. . ရည်မှန်းထားတာတွေ တကယ်ဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်

ဇိုးလေး တွေ့ဆုံမေးမြန်းသည်။]

တည်းဖြတ် – ရတနာဖြိုး]

Soure : New Watch

Leave a Reply

Your email address will not be published. Required fields are marked *