ဆယ်တန်း၆ဘာသာဂုဏ်ထူးရပြီး မိဘကိုကူညီရမှန်းမသိလို့ကျွန်မရဲ့ taxi driver လေးက ဘာလုပ်ရမလဲ မေးဖူးတယ်.. စာရရင်တော်ပြီဆိုပြီး အတွင်းခံကအစ လျှော်ပေးခဲ့ တာ ခုတော့ ပြင်မရတော့ဘူး

ဆယ်တန်း၆ဘာသာဂုဏ်ထူးရပြီး မိဘကိုကူညီရမှန်းမသိလို့ကျွန်မရဲ့ taxi driver လေးက ဘာလုပ်ရမလဲ မေးဖူးတယ်..

စာရရင်တော်ပြီဆိုပြီး အတွင်းခံကအစ လျှော်ပေးခဲ့ တာ ခုတော့ ပြင်မရတော့ဘူး..

ဒါ့ကြောင့်ငယ်ငယ်ကတည်းက ပုံသွင်းမှရပါမယ်…

ဒီစာလေးကြိုက်လို့ ရှယ်ပါတယ်…

Credit…Original Writer

သားသမီးတွေကို လိမ္မာစေချင်ရင် အရမ်းအလိုမလိုက်ပါနဲ့ သူတို့ကို သွန်သင်ပါလူရော စိတ်ပါ အရမ်း ပင်ပန်းပါတယ် ဒါပေမယ့် ငယ်တုန်းမှာ သွန်သင်ပါ

အိမ်မှာ အလုပ်ခိုင်းပြီးမှ မုန့်ဖိုးပေးပါလောက မှာ ဘယ်အရာမှ အလကားမရတဲ့ အကြောင်း သူတို့ ခေါင်းထဲ စွဲနေအောင်သင်ပါ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ မုန့်ဖိုးက အစ

အလကားမပေးနဲ့ ဘာလိုချင်ချင် အလကားမဝယ်ပေးနဲ့မုန့်ဖိုးလိုချင်လား သချာင်္ဘယ်နှစ်ပုဒ်တွက်ရင် ဘယ်လောက်ပေးမယ် deal လုပ်ပါတခုခုပူဆာရင် အိမ်အလုပ်တွေ လုပ်ကူခိုင်းပြီး

point တွေပေး ပြီး ပွိုင့်နဲ့ ပိုက်ဆံ လဲခိုင်းပါ ဥပမာ ပန်းကန်တွေ ဆေးရင် ၅ မှတ်တံမြက်စည်းလှည်းရင် ၅ မှတ် ကားရေဆေးပေးရင် ၁၀ မှတ် စသဖြင့် ခိုင်းပြီးမှ ၁ မှတ်ကို ၁၀၀၀

ကျပ်နှုန်းနဲ့ သူတို့ လုပ်သလောက် ပိုက်ဆံရှင်းပေးပြီး မှ သူတို့လိုချင်တာ ကိုယ်တိုင်ဝယ်ခိုင်းပါသူတို့ကို ငယ်ကတည်းက ရှင်းအောင်ပြောပါ စားသောက်တာ သုံးစွဲတာ အခြေခံပဲ မိဘက

ပေးမယ် လိုချင်တဲ့ အပိုတွေကို ကိုယ့်ဟာကိုယ်ရှာရမယ်လို့ သင်ပေးပါ ပိုက်ဆံကို ကိုင်တွယ်သုံးစွဲတတ်တဲ့ management ကို ငယ်ကတည်းက သင်ပါ။

ကလေးတွေကို သင်လို့ ရတဲ့ အရွယ်က၄-၅ နှစ်ကနေ ၁၂ နှစ် ၁၃ နှစ်လောက် ထိပဲ ကိုယ်လိုချင်သလို သင်လို့ ရတယ် ဒီထက်ကြီးမှ သင်ရင် မနာယူ ချင်ဘူး ကလန်ကဆန်လုပ်တဲ့

အရွယ်မှ စ သင်ရင် အလကားပဲမို့ ငယ်တုန်းသင်ဖို့ တိုက်တွန်းတာပါငယ်ငယ်တုန်းက အမေက ကြက်ဥသွားဝယ်ပါအုံး ဘာလေး သွားဝယ်ပါအုံးနဲ့ ခိုင်းခဲ့လို့ ငွေကို ဘယ်လောက်ပေး

ဘယ်လောက်ပြန်အမ်းရမယ် လို့ စိတ်နဲ့ တွက်တတ်လာပါတယ်ခုခေတ်ကလေးတွေ ဈေးတွေဘာတွေ ကိုယ်တိုင်မဝယ်ဖူးလို့ ဘယ်လောက်ပေးလို့ ပေးလောက်အမ်းရမယ်ကို စိတ်တွက်နဲ့

မတွက်တတ်ကြပါဘူးသမီးကြီးဆို စိုးရိမ်လွန်ပြီး ဥ ထားခဲ့မိလို့ ပိုက်ဆံ မတွက်တတ်ဘူးလက်တွေ့ အသုံးချ သချာင်္ ပေါင်းနှုတ်မြှောက်စားကို စိတ်နဲ့ တွက် တတ်အောင် သင်ပါ

ဖဲချပ်ကစားနည်း မိုနိုပိုလီကစားနည်း ဈေးရောင်းတန်းကစားနည်း တို့ နဲ့ ကစားရင်း သင်လို့ ရပါတယ်အရွယ်ရောက်လာရင် အိမ်ရဲ့ စီးပွားရေး ဘာညာ သူတို့ ကို ပြောပြ

လူရာသွင်းတိုင်ပင်ပါ ။ ဝ မရှိပဲ ဝိလုပ်ချင်တဲ့ စိတ်မျိုး မဝင်အောင် အထူးသင်ပါ။ အဲဒီစိတ်က နောင်တချိန်မှာ သူများဝတ် ဝတ်ချင် သူများစား စားချင် နဲ့ အတော်ကို ဒုက္ခပေးတတ်ပါတယ် ။

ကိုယ့်မှာ ရှိတာနဲ့ လောက်ငှအောင် သုံးတတ်ဖို့ တကယ်လို့ အကောင်းကြိုက်တယ်ဆို အလုပ်ကြိုးစားဖို့ concept ကို ငယ်ကတည်းက ခေါင်းထဲ ရိုက်သွင်းပါ ။

မိဘ ဟာ အခြေခံ ဖြည့်ဆည်းပေးဖို့ ပဲ တာဝန်ရှိတယ် ။ ကိုယ်လိုချင်တဲ့ ကိုယ်ရချင်တဲ့ reward ကို ကိုယ့်ဟာကိုယ်ကြိုးစားရမယ် ဆိုတာ ပြောပြပါ ။

တကိုယ့်သားသမီး ကို ကိုယ်ချစ်တယ်ဆိုရင် သူတို့ ခြေထောက်ပေါ် သူတို့ မြဲမြံစွာရပ်တတ်ဖို့ လေ့ကျင့်ပေးပါ။ မိဘမို့ သူတို့ ပင်ပန်းမှာစိုးလို့ မေတ္တာစေတနာတွေနဲ့ လုပ်ပေးချင်တိုင်း

ပိုးအိမ်ထဲက ဖောက်ထွက်မယ့် လိပ်ပြာလေး အဖြစ်ကို အမြဲ သတိရပါ ။ သနားလို့ ပိုးအိမ်လေးကို ဖောက်ပေးလိုက်ရင် ပျံသန်းရမယ့် အတောင်ပံတွေ အားမရှိတော့မှာမို့ သူ့ဟာသူ

ဖောက်ထွက်ခွင့်ပေးပါ ။ ကလေးတွေကို ကျောင်းစာပဲ အရမ်းတော်နေတာထက် အပြင်မှာလည်း လည်လည်ပတ်ပတ်ရှိအောင် သင်ပါ ။ ဘာသာစကား အနည်းဆုံး ၃ မျိုး တတ်အောင်

သင်ပါ ။ တူရိယာ တခုခုတီးတတ်အောင် သင်ပါ ။ တချိန်လုံး စာချည်း မကျက်ခိုင်းပဲ မျှ တအောင် သင်ယူခိုင်းပါ ။ သူတို့ကို ချစ်ရင် ဘယ်အရာမှ သူတို့ ကို အလကားမပေးပါနဲ့ ။

လူဟာ ကိုယ့်ငွေ ကိုယ်ရှာသုံးမှ ငွေကို တန်ဖိုးထားတတ်တယ် ။ အလုပ်ကို တန်ဖိုးထားတတ်တယ် ။ လွယ်လွယ်ရရင် တန်ဖိုးမထားဘူး။ ကိုယ်ရှာတာ မဟုတ်ရင် တန်ဖိုးမထားဘူး ။

ကိုယ်တိုင်ခက်ခက်ခဲခဲရှာရမှ တကျပ်မှာလည်း တ ကျပ်တန်ဖိုးရှိတာ သူတို့မြင်တတ်လာမယ်။

Leave a Reply

Your email address will not be published. Required fields are marked *