“ဆိုက်ကားဆရာကို ကားနဲ့တိုက်မိပြီး မိန်းကလေး(၃)ယောက် ထွက်ပြေးသွား”

Posted on

ဒီနေ့ (26 Apr 2020 19:30 )ခန့် က ရန်ကုန် လှိုင်မြို့နယ် ကန်လမ်းထိပ်တွင် ဆိုက်ကား ကို ကား တိုက်မူဖြစ်ပွားခဲ့ပါသည် ။ တိုက်ပြီးပြီးခြင်း မိန်းကလေး ၃ ယောက် ဆင်းပြီး အတိုက်ခံရသော ဆိုက်ကား ဆရာ အား ဆင်းကြည့်ပါသေးသည် ။

ဆိုက်ကားဆရာမှာ လုံးဝ မလှုပ်တော့ပါ ။ကြည့်ကြပါအုန်း.. ကြည့်ကြပါအုန်း.. ပြောကာ ကားပေိါတက်၍ မောင်းပြေးသွားပါပြီ ။ ဆိုက်ကား ဆရာ ဘယ်လို အခြေအနေလည်း မသိသေးပါ ။ ပါးစပ်ကတော့ သွေးတွေ ထွက်နေပါတယ် ။ဒီလိုရောဂါဆိုးကြီး ဖြစ်နေတာတောင် မိသားစု ဝမ်းရေးအတွက် မကြောက်မလန့် ဆိုက်ကားစီး သူ နဲ့ ကပ်ရပ် နေပြီး ဆိုက်ကား ထွက်နင်းနေရတာပါ။ ဒါတောင် တာဝန်မယူ ထွက်ပြေးသွားတာတော့ မဖြစ်သင့်ပါ ။

မိန်းကလေး ချည်းပဲ (၃ )ယောက်မို့လို့ ကြောက်လန့်ပြီး ကားမောင်းပြေးသွားပါတယ်လို့ မှတ်ထားပါတယ် ။ထို့ကြောင့် အိမ်ရောက်လျှင် မိသားစု ခေါ်ပြီး တာဝန်ယူ ရင်ဆိုင် စေချင်ပါတယ် ။ အခု လူနာ ဆေးရုံကြီးကို ခေါ်သွားပါပြီ ။တာဝန်ယူ ရင်ဆိုင် ပြီးသွားရင် post ကို ဖျက် ပေးပါမယ် ။ကားမောင်း ၍ ပြေးသွားသော မိန်းကလေး ၏ ကားတံခါး ဖွင့်နေသော ပုံ လည်း ရိုက်ထားလိုက်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *