ဆိုက်ကားဆရာ (၅၀၀) ကိုလှူ ဖို့အတွက် ဦးဧရာနဲ့ ဦးကျော်ထူးတို့ရောင်းနေတာလေးတွေ အားပေးခဲ့တဲ့ ယုန်လေး

Posted on

ယုန်လေးကတော့ မကြာခင်မှာ ကျရောက်တော့မယ့် သူ့ရဲ့မွေးနေ့အကြိုအလှူလေးအနေနဲ့ အခြေခံလူတန်းစားတွေဖြစ်တဲ့ ဆိုက်ကားဆရာတွေအတွက် အဓိကလှူဒါန်းပေးသွားဖို့ စီစဉ်ထားပါတယ်။ ဒီအလှူလေးကိုတော့ သူတစ်ယောက်တည်းအားနဲ့ မနိုင်တာကြောင့် ပရိသတ်တွေကိုလည်း ဝိုင်းဝန်းကူညီပေးကြဖို့တိုက်တွန်းထားပြီး လတ်တလောမှာတော့ အယောက်(၅၀၀) စာလှူဒါန်းနိုင်ပြီလို့ သိရပါတယ်။

သူ့ရဲ့အလှူအတွက် ကိုဗစ်ကာလကို ဈေးရောင်းရင်း ဖြတ်သန်းနေရတဲ့ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ ဦးဧရာနဲ့ ဦးကျော်ထူးတို့ကိုလည်း ကူညီတဲ့အနေနဲ့ သူတို့ရောင်းချနေတာလေးတွေ သွားအားပေးခဲ့ပါတယ်။ ဦးဧရာဆီက ဆိုက်ကားဆရာ(၅၀၀)အတွက် တစ်ယောက်ကို သုံးစောင်နှုန်း ထီလက်မှတ် အစောင်ရေ(၁၅၀၀) အားပေးခဲ့ပြီး ဦးကျော်ထူးဆီက ဆန်(၃) ပြည်အိတ် အိတ်(၅၀၀) အားပေးခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ။

ဒါ့အပြင် ဆိုက်ကားသမားတွေအတွက် ရည်ရွယ်ပြီးထိုးထားတဲ့ ထီလေးတွေ ပေါက်အောင် ဗုဒ္ဓဟူးနေ့မှာ ညောင်ဆယ်ပင်အဓိဌာန်ဝင်သွားမယ့်အကြောင်း သူရည်ရွယ်ထားတာလေးတွကို မျှဝေခဲ့ပါတယ်။ အလှူရှင်တွေထပ်တိုးရင်တော့ ဆိုက်ကားဆရာအရေအတွက် ထပ်တိုးသွားမှာမို့ ယုန်လေးရဲ့အလှူလေးကို ဝိုင်းဝန်းကူညီပေးလိုက်ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *