အမေစုရင်းနှီးေ ပးတဲ့မုန့်တီ”။ ညနေစောင်းလေး ဗိုက်ဆာလို့ မုန့်တီ သွားစားတာ ဈေးသည်က ဒီမုန့်တီက ပေါ့သေးသေးမုန့်တီ မဟုတ်ဘူးနော် အမေစု မုန့်တီတဲ့။ ပါးစပ်ထဲက ပြန်တောင်ထွက်တယ်။ အမယ် တယ်ဆန်းကြယ်လှချည်လားပေါ့။ ဘာမုန့်တီ ပြန်ပြောပြဦး။ အမေစုမုန့်တီတဲ့ ထပ်ပြောတယ်။
ဆန်းကြယ်လိုက်တာ နာမည်က အထူးဆန်းပါလား။ ဘာပြန်ပြောတယ်မှတ်တုန်း။ အရင်းပြုတ်လို့ မုန့်တီ မထွက်တာ လေးရက်တဲ့။ ဒီနေ့ အမေစုက မုန့်ဖိုး နှစ်သောင်းပေးတယ်ဆိုပြီး အုပ်ကြီးတို့ခေါ်ပေးလို့ အရင်းရပြီး ဈေးပြန်ရောင်းရတာတဲ့ ဒါကြောင့်မုန့်တီနာမည်က အမေစုမုန့်တီတဲ့။
သဘောတွေကျပြီး ကျနော် သုံးပွဲ အားပေးခဲ့တယ်။ မီတာ မဆောင်ရတာ သုံးလရှိပြီတဲ့။ ဒီလိုအစိုးရမှ မဲမပေးရင် ကျုပ်ကလူမိုက်တဲ့။ ကျူးတွေကို မြေနေရာတွေပေးတယ်တဲ့။ အဲဒီ အစိုးရမှ မဲမပေးရင် ကျုပ်တို့လူမိုက်တဲ့ တကမ္ဘာလုံး ကိုဗစ် ကြောင့် တပ်ပျက်နေချိန်မှာ မြန်မာမှာ အေးချမ်း လို့တဲ့။အဲဒါကြောင့် ဒီအစိုးရမှမဲမပေးရင် ကျုပ်တို့တွေလူမိုက်တဲ့ ကမ္ဘာအရပ်ရပ်က ကိုဗစ်ကြောင့်ပြန်လာရသူတွေကလဲ ဒီအစိုးရမှမဲမပေးရင် ကျွန်တော်တို့လူမိုက်တွေတဲ့။ ကျေနပ်လိုက်တာ အမေရယ် ပြည်သူတွေ အမေ့ကိုအရမ်းချစ်တယ်။ အမေနဲ့ NLD မဲနိုင်ဦးမှာသေချာတယ်။