Free Style Rap တွေရွတ်ရင်း ပရိသတ်အားပေးမှုရရှိခဲ့သူ A4 ကျော်စွာကတော့ လွန်ခဲ့တဲ့ရက်ပိုင်းက သူတတ်နိုင်သလောက်ပြန်လည်ကျေးဇူးဆပ်ခဲ့တဲ့ ညီမလေး မနေ့က ညနေ(၄)နာရီမှာပဲ ဆုံးပါးသွားခဲ့ပြီဖြစ်ကြောင်း စိတ်မကောင်းစွာ မျှဝေခဲ့ပါတယ်။
ဆုံးပါးသွားတဲ့ညီမလေးကတော့ A4 ကျော်စွာ မပြေလည်ခဲ့စဉ်အချိန်တုန်းက ရွှေတိဂုံဘုရားမှာ ပန်းရောင်းရင်း A4 ကျော်စွာကို ကျွေးမွေးခဲ့ဖူးတဲ့ ကျေးဇူးရှင်ညီမလေးပါ။ လွန်ခဲ့တဲ့ရက်ပိုင်းက အသည်းရောင်အသားဝါရောဂါနဲ့ ဆေးရုံတက်ကုသခဲ့ပြီး A4 ကျော်စွာကတော့ သူတတ်နိုင်သမျှ သွားရောက်ကူညီပေးခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီညီမလေးကတော့ မနေ့ကညနေ လေးနာရီမှာဆုံးပါးသွားခဲ့ပြီး A4 ကျော်စွာကတော့ ကျေးဇူးရှင်ညီမလေးအတွက် ရင်ထဲကစကားတချို့ကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားမျှဝေခဲ့ပါတယ်။
ဒီနေ့(၄)နာရီမှာဆုံးသွားရှာတဲ့ ကျေးဇူးရှင်ညီမလေးပါ…. သူ့အသက်ရှင်စဉ်က သူအရမ်းကြိုက်တဲ့သီချင်းနဲ့ သူ့အပြုံးများကို နောက်ထပ်မတွေ့ရတော့ဘူးဆိုတာ…. သေချာသွားတဲ့အတွက် ပြောမပြတတ်လောက်အောင် ကြေကွဲဝမ်းနည်းရပါတယ်….. စိတ်ဓာတ်ကောင်းတဲ့ညီမလေးမို့ ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးပါတယ်…. သူ့အတွက်ဝန်းရံပေးခဲ့တဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်” ဆိုပြီး ညီမလေးအသက်ရှိစဉ်တုန်းက ပရိသတ်ကြီးရေ…. အချိန်မတန်ခင် လူ့လောကထဲက ထွက်ခွာသွားခဲ့ရတဲ့ စိတ်ကောင်းရှိတဲ့ညီမလေး ကောင်းရာမွန်ရာရောက်ပါစေလို့ A4 ကျော်စွာနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ် ညီမလေးရေ။