ဆေးထိုးအပ်ရာတွေများစွာနဲ့ ဆေးရုံပေါ်မှာ လှဲလျောင်းနေရတဲ့ ရွှေမှုံရတီရဲ့ ကျန်းမာရေးအခြေအနေ

Posted on

ထူးခြားတဲ့ အနုပညာစွမ်းရည်ကြောင့် ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလော က ထဲကို ဝင်ရောက်ခဲ့တဲ့ ရွှေမှုံရတီက ဗီဒီယိုဇာတ်ကားတွေမှာ အောင် မြင် မှုတွေ ရရှိခဲ့ပြီးတဲ့ နောက် ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။ အောင်မြင်မှုတွေ များစွာကို ရရှိပိုင်ဆိုင်ထားတဲ့ ရွှေမှုံရတီက အစစ အရာရာ ပြည့်စုံသူတစ်ယောက်လို့ ပရိသတ် တွေထင်ကြပေမယ့် သူမရဲ့ မွေးရာပါနှလုံးရောဂါကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်ခဲ့တဲ့အချိန် တွေလည်း ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေမှုံရတီက အိမ်ထောင်ကျပြီးနောက်ပိုင်း စိတ်ချမ်းသာမှုအ ပြည့် ရရှိခဲ့ တာ ကြောင့် အရင်ကထက် ကျန်းမာရေးအခြေအနေ ကောင်းခဲ့တာပဲ ဖြစ်ပါ တယ်။ဒါပေမယ့် မနေ့က သြဂုတ်လ (၂၄) ရက်နေ့မှာတော့ ရွှေမှုံရတီက ရုတ်တရက် ကျန်းမာရေး အ ခြေ အနေကြောင့် ဆေးရုံတက်ပြီး ဆေးကုသမှုခံယူခဲ့ရတာပဲ ဖြစ်ပါ တယ်။ ရွှေမှုံရတီကတော့ ဆေးထိုး အပ်ရာတွေများစွာနဲ့ ဆေးရုံပေါ်မှာ လှဲလျောင်းနေရတဲ့ သူမရဲ့ ပုံရိပ်လေးကို ဖေ့စ်ဘုတ် My Day ကနေ မျှဝေထားပြီး ဘာရော ဂါအခြေအနေကြောင့် ဆေးရုံတက်ရတယ်ဆိုတာ ကို တော့ ပြောမပြထားပါဘူး။

ရွှေမှုံရတီကတော့ အိမ်ထောင်မကျခင်အချိန်တုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မကြာခဏ ဆေးရုံတက်ရလေ့ရှိပြီး ရွှေထူးနဲ့ အိမ်ထောင်ကျပြီးချိန်မှာလည်း နိုင် ငံ ခြားမှာ ဆေးသွားကုတာ မျိုးတွေ ပြုလုပ်လေ့ရှိပါတယ်။ပရိသတ်ကြီးလည်း ရွှေမှုံရတီရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်လာပြီး အမြန်ဆုံး ဆေးရုံ ပေါ်က ဆင်းရဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့  ပရိသတ် ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါ စေလို့ ဆုတောင်း ပေး လိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *