ဆံပင်ရှည်တုန်းကပုံလေးတွေနဲ့ နှစ်သစ်ကူးလိုက်ပါပြီလို့ဆိုကာ ပရိသတ်တွေအတွက် ဆုမွန်ကောင်းတောင်းလိုက်တဲ့ နေခြည်ရွှန်းလက်

Posted on

ချစ်ပရိသတ်ကြီးရေ MRTV – 4 ဇာတ်လမ်းတွဲတွေမှာ စတင် ပါဝင်သရုပ်ဆောင်ရင်း ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်ရင်ထဲကို အချိန်တိုလေးအတွင်းဝင်ရောက်လာနိုင်ခဲ့တဲ့ သူလေးကတော့ တက်သစ်စ သရုပ်ဆောင် မင်းသမီးချော နေခြည်ရွှန်းလက်ပဲ ဖြစ်ပါတယ်။သူမက ရှည်လျားလှပတဲ့ ဆံနွယ်ရှည်လေးကို ပိုင်ဆိုင်ထားပြီး မျက်နှာလေးကလည်း ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းလွန်းတာကြောင့် ပုရိသယောက်ျားလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများသာမကပဲ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုများကိုပါ အပြည့်အဝရရှိထားတဲ့ သူလည်း ဖြစ်ပါတယ်။

 

နေခြည်ရွှန်းလက် က လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ သူမချစ်ရတဲ့ မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်နေတာပဲဖြစ်ပါတယ်။သူမက အိမ်မှာနေရင်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အေယင် အပျင်းပြေ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေ မျှဝေပေးလျက်ရှိနေတာပဲဖြစ်ပါတယ်။

 

နေခြည်ရွှန်းလက် က ယနေ့ကျရောက်တဲ့ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှာ သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ ” ဆံပင်ရှည်တုန်းကပုံလေးတွေနဲ့ နှစ်သစ်ကူးလိုက်ပါပြီ နှစ်ဆန်း ၁ ရက်နေ့မှစ ကမ္ဘာသူ ကမ္ဘာသားများအားလုံး ကပ်ရောဂါအပေါင်းကိုကျော်လွှားနိုင်ကြပါစေရှင် ” ဆိုတဲ့ ဆုမွန်ကောင်း တောင်းပေးလါတဲ့ စာသားလေးနဲ့အတူ မြင်သူတကာငေးရတဲ့ ပုံလေးတွေကို တင်ပေးလါတာကြောင့် ချစ်ပရိသတ်ကြီး ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်

Leave a Reply

Your email address will not be published. Required fields are marked *