ဇနီးက ရန်ကုန်ဆေးရုံမှာ.တူမနဲ့ လူမမယ် သားနဲ့သမီးလေးက ပြည်ဆေးရုံသူ့ရဲ့အလောင်းကိုတော့ ချက်ချင်းသင်္ဂြိုဟ်

Posted on

ရက်စက်လိုက်တာ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်၁၉ရယ်. .နောက်ဆုံးနေ့ နောက်ဆုံးအချိန်တွေဟာ နာကျင်ကြေကွဲဖွယ်ကောင်းလွန်းလိုက်တာ. .။

မိသားစုဟာ ဘယ်လောက်တောင် ကြေကွဲဝမ်းနည်းနေရှာမလဲ? ရန်ကုန်ဆေးရုံမှာ ရှိနေတဲ့ ဇနီးဖြစ်သူကကော ချစ်ခင်ပွန်းရဲ့ နာရေးကို အဝေးကနေ မျှော်မှန်းငေးပြီး ရင်နာစွာ ငိုကြွေးနေမလား. .? ဒါမှမဟုတ် ရက်စက်လွန်းလှတဲ့ ကိုဗစ်အကြောင်းတွေး အံကြိတ်ကာ ရှိုက်ငိုကြွေးနေမလား?

အခြားတနေရာ ပြည်မြို့ဆေးရုံမှာ ကျန်ရစ်နေရှာမယ့် သားနဲ့သမီး တူမလေးအတွက် စိုးရိမ်ဗျာပါဒတွေနဲ့ အရူးမီးဝိုင်းဖြစ်ကာ စိတ်တွေကော ထိန်းရနိုင်ပ့မလဲ. .ကိုယ်ချင်းစာကာ တွေးကြည့်မိတိုင်း ကာယကံရှင်မိသားစု မဟုတ်တဲ့ကိုယ်တောင်မှ ရူးချင်ချင် ဖြစ်သွားတယ်. .။

ကလေးနှစ်ယောက်နဲ့တူမလေးကော ပြည်ဆေးရုံမှာ ကျန်းမာရေးကောင်းမွန်စွာရှိနေတယ်ဆိုပေမယ့်. .အားကိုးစရာ ရွှေတောင်ကြီးပြိုကျသွားတာကို သိလိုက်ကြရတဲ့အချိန်မှာ ဘယ်လိုတွေတောင် ဝမ်းနည်းပူဆွေး ငိုကြွေးနေကြမလဲ. .ရက်စက်လိုက်တာ ကိုဗစ်ရယ်. .လုပ်ရက်လိုက်တာ။

နောက်ဆုံးအကြိမ် နောက်ဆုံးမျက်နှာတောင်မှ အနီးကပ်မြင်ခွင့် ထွေးပွေ့ခွင့် မရှိတဲ့ဘဝမှာ သူတို့တွေ ဘယ်လောက်တောင် နာကျင်ဝမ်းနည်းနေမလဲ. .ဘယ်လိုတွေတောင် ပူဆွေးနေမလဲ. .။

မနက် ၃နာရီခွဲကျော်မှာ အောက်စီဂျင်စက် အကူအညီနဲ့ အသက်ရှုနေရင်း ဘဝတစ်ပါးကို ကူပြောင်းသွားရှာတဲ့ ပေါက်ခေါင်းမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးရဲ့အလောင်းကတော့ ဘာသာရေးထုံးတမ်းစဉ်လာအတိုင်း ပြည်အေးငြိမ်းရာသုဿန်သို့ သယ်ဆောင်ကာ သင်္ဂြိုဟ်ခဲ့ကြတယ်လို့ သိရတယ်. .။

ကျန်ခဲ့တဲ့သူတွေမှာ အရူးမီးဝိုင်း ဖြစ်နေကြရသလို. .အချိန်မတန်ခင် ငဗစ်ဗွေဆိုး ကပ်ရောဂါတစ်မျိုးကြောင့် သေဆုံးခဲ့ရတဲ့ လူနာနံပါတ်၁၇ကော ကုသမှုခံနေကြရတဲ့ သားနဲ့သမီး ချစ်ဇနီး တူမအတွက် စိတ်ချလက်ချ ရှိနိုင်သွားပါ့မလားရယ်လို့ တွေးလိုက်မိတော့ ကိုဗစ်၁၉ကို ပိုပြီး စိတ်နာမိတယ်။

ဘာပဲဖြစ်ဖြစ် နိုင်ငံတိုင်း စိုက်ရောက်နေတဲ့ကပ်ဆိုးမို့ စိတ်မကောင်းပေမယ့် ကောင်းရာဘုံဘဝမှာ စိတ်အေးချမ်းစွာ အနားယူပါ နံပါတ်၁၇လူနာ ဦးဦးခင်ဗျာ။

ကျန်ရှိနေတဲ့ မိသားစုရဲ့ကျန်းမာရေးအတွက် ဆရာဝန် သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းတွေက အစွမ်းကုန်ကြိုးစား ကုသပေးကြမှာ ဖြစ်သလို ပြည်သူတွေကလည်း တတပ်တအား ကူညီစောင့်ရှောက်ကြရင်း ဝိုင်းဝန်းမေတ္တာထားကြမှာပါ. .စိတ်ချပါ။

ပေါက်ခေါင်းမြို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနော်ထွယ် အသက်၄၇နှစ် ကောင်းရာသုတိလားပါစေ။ ကျန်ရှိနေသော မိသားစုနှင့်တကွ အတည်ပြုလူနာများလည်း အမြန်ဆုံးကျန်းမာပြီး ရောဂါကပ်ဆိုးကြီးမှ ဘေးမသီ ရန်မခ လွတ်မြောက်ပျောက်ကင်းနိုင်ပါစေ။

ပြည်မြို့ ကုတင်၅၀၀ဆေးရုံကြီး၌ ကုသမှုခံယူနေသော ကိုရိုနာဗိုင်းရပ်စ် covid19အတည်ပြုလူနာ ပေါက်ခေါင်းမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဟာ ယနေ့မနက်မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။

၎င်းရဲ့နာရေးကို ပြည်အေးငြိမ်းရာသုဿန်မှာ ကိုးကွယ်ရာဘာသာရေး ထုံးတမ်းစဉ်လာအတိုင်း သဂြိင်္ုဟ်လိုက်ပါပြီ။

အမှတ် ၁၅ လူနာနဲ့ ထိစပ်မှုကြောင့်ရောဂါကူးစပ်ခံရသူ ပေါက်ခေါင်းမြို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနော်ထွယ် အသက် ၄၇ နှစ်ရှိသူက ပြည်ကုတင် ၅၀၀ ဆေးရုံကြီးမျာဆေးကုသမှုခံယူနေစဉ်မှာပဲဒီနေ့ ဧပြီလ ၈ ရက် နေ့မနက် ၃ နာရီခွဲကျော်မှာ အောက်စီဂျင်စက်နဲ့ ကူညီအသက်ရှုခိုင်းနေစဉ်မှာပဲသေဆုံးသွားတယ်လို့ ပြည်ကုတင် ၅၀၀ ဆေးရုံအုပ်ကြီးကအတည်ပြုပြောကြားခဲ့ပါတယ်။

သူနဲ့အတူနေထိုင်ပြီး ဆေးကုသမှုခံယူနေရတဲ့ သား၊သမီး နဲ့တူမ ကတော့ လက်ရှိ ပြည်ကုတင် ၅၀၀ ဆေးရုံကြီးရဲ့ အထုးစီစဉ်ထားတဲ့ကုသဆောင်မှာ ဆက်လက် ကုသနေထိုင်နေရပြီး သူတို့အားလုံးကတော့ အဖျားမရှိတော့ပဲ ကျမ်းမာရေးကောင်းမွန်နေတယ်လို့ ပြည်ဆေးရုံကြီးကသိရပါတယ်။

သူ့ရုပ်အလောင်းကို ဧပြီ လ ၈ ရက်နေ့ မနက် ၈ နာရီခွဲမှာပဲ ပြည်ဆေးရုံကြီးကနေ အေးငြိမ်းရာ သုသန်ကို ပို့ဆောငိုက်ပြီး ဒီနေ့ပဲနေ့ချင်းပြီး သဂြိုလ်ပြီး အုပ်ဂူသွင်းပေးသွားမှာဖြစ်တယ်လို့ ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးထံကသိရှိရပြီး သွေးတိုး ဆီးချိုရောဂါအခံရှိသော နံပတ်၁၇လူနာ အမျိုးသမီး ယနေ့မနက်မှာ ဆုံးပါးသွားခဲ့ကြောင်း သိရှိရပါတယ်။

သို့ဖြစ်၍ မြန်မာနိုင်ငံတွင် ကိုဗစ်လူနာ ၂၂ဦးရှိရာတွင် ယခင်၁ဦးသေဆုံး ယခု၂ဦးဖြစ်သောကြောင့် သေဆုံး ၃ဦးရှိလာခဲ့ပြီဖြစ်ကြောင်း ဝမ်နည်းစွာ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *