နေထက်လင်းကတော့ လက်ရှိမှာ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးစားပေးဆောင်ရွက်နေတာ တွေ့ရပါတယ်။ သူ့အနေနဲ့ ပရဟိတလုပ်ငန်းတွေမှာလည်း လက်လှမ်းမီသလောက် လုပ်ကိုင်လျှက်ရှိပါတယ်။ အနုပညာအလုပ်တွေနဲ့ ခဏတာ အလှမ်းဝေးနေခဲ့ပေမယ့် သူ့ကို အားပေးချစ်ခင်ကြတဲ့ပရိသတ်တွေကတော့ အခိုင်အမာရှိနေတုန်းပါပဲ။
ယခုရက်ပိုင်းမှာတော့ နေထက်လင်းဟာ သရုပ်ဆောင် ဘုန်းလျှံနဲ့အတူ သံဃာတော်များကို Mask များနဲ့ လိုအပ်သော ကျန်းမာရေးပစ္စည်းများ လှူဒါန်းခဲ့တာဖြစ်ပြီး ဘုန်းလျှံကိုလည်း ဇနီးလောင်းကို ပိုချစ်ပြီး အိမ်ထောင်ရေးကို သာယာအောင်ရှေ့ဆက်ဖို့ ဆုံးပါးခဲ့တာပါ ထို့အတူ သူ့ရဲ့ သာယာတဲ့ အိမ်ထောင်ရေးအကြောင်းကိုလည်း ပြောပြလာခဲ့ပါတယ်။
“အရမ်းချစ်တဲ့ မိန်းမကို ချစ်ခွင့်ရတာကတော့ ဘုရားပေးတဲ့ လက်ဆောင်ပါ။ သူ့ကို စက္ကန့်ပိုင်း အတွင်း မြင်မြင်ချင်း ချစ်သွားပြီး ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ အကောင်းအဆိုး မှန်သမျှ လက်ခံမယ် ဆိုတဲ့ စိတ် နဲ့ ဇွတ်တိုး ခဲ့တာပါ” ဆိုတဲ့ သရုပ်ဆောင် နေထက်လင်းကဆိုလာခဲ့တာပါ။
ဆက်လက်ပြီး နေထက်လင်းက ” တွေ့တာနဲ့ ဒီကောင်မလေးကို ငါယူမယ်ဆိုတာ ဆုံးဖြတ်ပြီးသား နောက်တယောက်မရှိတော့ဘူး သူ့ဟာသူဘာပဲဖြစ်လာဖြစ်လာ ဆိုးတာတွေဖယ်ထုတ်ပြီး ကောင်းတာတွေ ရွေးယူမယ် ကိုယ့်ဘာသာကိုယ် ပြုပြင်ယူမယ် ဆိုတဲ့စိတ်နဲ့ အမေတို့တားနေလည်း အရယူခဲ့တာပါ” လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်ပရိသတ်ကြီးရေနေထက်လင်းကတော့ သာယာလှပတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားသလို ဇနီးဖြစ်သူကိုလည်း အရမ်းချစ်ရတဲ့အကြောင်း ရင်ဖွင့်လာခဲ့တာပါနော် ချီးကျူးအားကျဖွယ်ဖြစ်လို့ တင်ဆက်ပေးလိုက်ရပါတယ်။