မင်းသမီးချောလေး ဖြူဖြူထွေးကတော့ အေးချမ်းတဲ့ အပြုံးလှလှလေးတွေနဲ့ ဟန်ဆောင်မှုကင်းကာ ချစ်ဖို့ကောင်းသူလေးဖြစ်ပြီး စကားပြောလိုက်တိုင်းမှာလည်း ရိုးသားပွင့်လင်းနေတာ ဖြစ်ပါတယ်။ ကိုယ်ပိုင်အရည်အချင်းရှိပြီး အလုပ်ကိုကြိုးစားတတ်တဲ့ ဖြူဖြူထွေးက အခုဆိုရင် ဝါရင့်အနုပညာရှင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးနေရတာ ဖြစ်ပါတယ်။
ဖြူထွေးဟာ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ သွက်လက်ဖျတ်လက်တဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲရောက်ရှိလာခဲ့သူလေးပဲ ဖြစ်ပါတယ်။အနုပညာကိုဝါသနာပါလွန်းတဲ့ ဖြူဖြူထွေးကတော့ သူမရဲ့ပင်ကိုယ်ဟာသစွမ်းရည်နဲ့ အကဗီဒီယိုလေးတွေကြောင့် လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ရေပန်းစားလူကြိုက်များလာကာ ပရိသတ်အခိုင်မာရရှိထားတာဖြစ်ပါတယ်။
ဟာသဗီဒီယိုလေးတွေကို အမြဲတင်လေ့ရှိပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိထားတာဖြစ်ပါတယ်။အခုမှာလည်း ဇာတ်ပို့အနုပညာရှင်များကို အစားသောက်အပါဝင် ငွေသားများနဲ့ ကန်တော့ခဲ့တဲ့ ပုံလေးတွေကို သူမရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေဟာ အရမ်းလေးစား ကြည်နူးစရာကောင်းတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။